သရုပ်ဆောင် ရတနာခင်တို့ ဇနီးမောင်နှံဟာ သဲဖြူဆရာတော်အတွက် ကားတစ်စီးလှူဒါန်းခဲ့တယ်လို့သိရပါတယ်။သူမတို့ ဇနီးမောင်နှံက ဖေဖော်ဝါရီ(၁၂) ရက်နေ့က သွားရောက်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

play

 

ရတနာခင်ကလည်း သူမရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ အဲ့ဒီလှူဒါန်းမှုလေးကို တင်ထားသလို သူမရဲ့ လှူဒါန်းမှု အစုစုတို့ကိုလည်း လူနတ်ဗြမ္မာ သတ္တဝါအားလုံးတို့ကို အမျှပေးဝေထားပါသေးတယ်။

"သဲဖြူဆရာတော် အားမော်တော်ယာဉ်လှူဒါန်းပါ၏ ဤကောင်းမှုအစုစုတို့ကို လူနတ်ဗြမ္မာ သတ္တဝါအားလုံးတို့အားအမျှ အမျှ အမျှ ပေးဝေပါသည်"ဆိုပြီး ရေးသားထားတာ တွေ့ရပါတယ်။

play

 

အလှူအတန်းတွေ အမြဲတမ်းလုပ်ဖြစ်တဲ့ သူမအတွက် ပရိသတ်တွေလည်း ဂုဏ်ယူလို့နေပါတယ်။

ရတနာခင်ဟာ လက်ရှိမှာ လက်ရှိမှာ စီးပွားရေးဘက်ကို ဦးစားပေးလုပ်ကိုင်နေသလို ဇာတ်ကားရိုက်ကူးမှုနဲ့ ပတ်သက်ပြီးတော့လည်း သူမနဲ့ အပ်စပ် မယ့် ဇာတ်ကားတစ်ကား ပြန်လည်ရိုက်ကူးဖို့ ရှိပြီး မင်းသား၊ မင်းသမီးအသစ်များကိုလည်း မွေးထုတ်ပေး လို့တယ်လို့ ဆိုပါတယ်။

play

 

စီးပွားရေးအနေနဲ့လည်း ရွှေအာဟာရနာမည်နဲ့ ထမင်းဆိုင်နှစ်ဆိုင် ဖွင့်လှစ်ထားပြီ ဖြစ်ကာ နောက်ထပ် သုံးဆိုင်မြော်က ဆိုင်တစ်ဆိုင် ထပ်ဖွင့်ဖို့ စိတ်ကူးရှိတယ်လို့ သိရပါတယ်။

Photo : ရတနာခင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video