AD
AD
AD

အဆိုတော် စန္ဒီမြင့်လွင်က မေမြို့မှာ သီချင်းဆိုဖို့ ရောက်နေတယ်လို့ သိရပါတယ်။ မင်္ဂလာပွဲ ပြီးပြီးချင်း ဆံပင်တိုလေးညှပ် လိုက်တဲ့သူမက ကေသစ်လေးနဲ့ လန်းနေတာကိုလည်း တွေ့ရပါတယ်။

play

 

စန္ဒီမြင့်လွင်က  ဖျော်ဖြေရေးပွဲတွေ ဆက်တိုက်သွားနေတာကိုလည်း တွေ့ရပါတယ်။ နေပြည်တော်မှာ  သီချင်းဆိုပြီးလို့ အခုဆို မေမြို့ကို ရောက်နေတယ်တဲ့။

သီချင်းမဆိုခင်မှာလည်း စတော်ဘယ်ရီခြံသွားလည်ခဲ့သလို စံတော်ဘယ်ရီခြံထဲမှာလည်း ဓာတ်ပုံတွေအများကြီး ရိုက်ခဲ့ပါသေးတယ်။

play

 

အဆိုတော် စန္ဒီမြင့်လွင် ချစ်သူဖြစ်သူ ကိုသီဟလွင်နဲ့ ၂၀၁၈ခုနှစ်ထဲမှာ  ရွှေလက်တွဲခဲ့တာလည်း ဖြစ်ပါတယ်။ မတ်လ(၄) ရက်နေ့ကေ တ်ာဝင်ဂါးဒင်းဟိုတယ်မှာ မင်္ဂလာလက်မှတ်ရေးထိုးပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပြီးမတ်လ(၁၀) ရက်နေ့က မစိုးရိမ်ကျောင်းတိုက်မှာ မင်္ဂလာဆွမ်းကျွေးပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

play

 

မင်္ဂလာဧည့်ခံပွဲကိုတော့ ၂၀၁၈ခုနှစ် မတ်လ (၁၁) ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ  ကျင်းပပြုလုပ်ခဲ့တာ  ဖြစ်ပြီး ညစာစားပွဲကိုတော့ Lottle ဟိုတယ်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

play

 

ချစ်သူကောင်လေးကတော့ သူမအပေါ် သဘောထားကြီး နားလည်ပေးတယ်လို့ ဆိုပါတယ်။သူမအနေနဲ့ အိမ်ထောင်ပြုပြီး သွားရင်လည်း အနုပညာအလုပ်တွေကို ဆက်လုက်လုပ်ကိုင်သွားမှာဖြစ်လို့လည်း ပြောခဲ့ဖူးပါတယ်။

Photo : စန္ဒီမြင့်လွင် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD