AD
AD
AD

သရုပ်ဆောင် အိန္ဒြာကျော်ဇင်က မိသားစုနဲ့အတူ ကယားပြည်နယ်သို့ အပန်းဖြေခရီးထွက်နေတယ်လို့ သိရပါတယ်။ ယခင်က ကယားပြည်နယ်ကို အလုပ်တွေနဲ့ချည်းပဲ  ရောက်ခဲ့ရတဲ့ သူမက အခုတစ်ခါမှာတော့ အမျိုးတွေကို ကယားပြည်နယ်ရဲ့ အထင်ကရ နေရာလေးတွေကို ပို့ချင်တာကြောင့် အလည်သက်သက် အပန်းဖြေခရီးလေးထွက်ခဲ့တယ်ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျလေးမှာ ရေးသားထားတာ တွေ့ရပါတယ်။

play

 

" အရင်အခေါက်တွေကတော့ ကယား ကိုအလုပ်နဲ့ချည်းပဲရောက်တာ.. ဒီတစ်ခေါက်တော့ ဒီ Resortကိုကြိုက်တာရယ် အမျိုးတွေကို ကယားပြည်နယ်ရဲ့ အထက်ကရနေရာလေးတွေကို ပို့ချင်တာရယ်နဲ့ အလည်သက်သက်ထွက်လာကြတာပါ။

အလုပ်တွေပင်ပန်းလို့ နှစ်ရက် သုံးရက်လောက် အနားယူချင်တယ်ဆိုရင် ကယားပြည်နယ်ကိုလေယဉ်လေး ၄၅မိနစ်လောက် စီးလာရင်ရောက်ပါတယ်.။ ပြီးရင်“ Kayah Resort”မှာတည်းပါလို့, ပင်ပန်းသမျှတွေပြေပျောက်ပြီး စိတ်ချမ်းသာမှု စိတ်ကျေနပ်မှုလေး တွေရသွားမယ်လို့ အကြံပြုချင်ပါတယ်" ဆိုပြီး ပြောထားတာ တွေ့ရပါတယ်။

play

 

ကယားပြည်နယ်မှာ ပျော်နေတဲ့ အိန္ဒြာကျော်ဇင်ရဲ့ ပုံလေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။

play

 

အိန္ဒြာကျော်ဇင်ဟာ ၁၉၉၆ တစ်ခုနှစ်ထဲမှာပဲ MISS KOKKINE & MISS CHRISTMAS ၂ဆုလုံး ရထားတဲ့ Miss ၁ ဦးဖြစ်ခဲ့ဖူးပါတယ်။ အိန္ဒြာကျော်ဇင်ဟာ အနုပညာလောကထဲမှာ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ဦးအဖြစ် ခိုင်မာစွာ ရပ်တည်နေနိုင်သူ တစ်ဦးဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာ "မျက်နှာများတဲ့မိုးကောင်းကင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားသူ တစ်ဦးဖြစ်ပါတယ်။

play


အိန္ဒြာကျော်ဇင်ဟာ သရုပ်ဆောင်ပြေတီဦးနဲ့ ၂၀၁၁ခုနှစ် ဇန်နဝါရီ ၁ရက်နေ့မှာ လက်ထပ်ခဲ့ပြီး ပြေသုဒြာနဲ့ ပြေဓီရဆိုတဲ့ ရင်သွေးလေး နှစ်ယောက်နဲ့ သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူ တစ်ဦးဖြစ်ပါတယ်။

Photo : အိန္ဒြာကျော်ဇင် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD