AD
AD
AD
play

ကမ္ဘာကျော် ဒါရိုက်တာကြီး စတီဗင်စပီးဘာ့ဂ်ရဲ့ စိတ်ကူးယဉ်သိပ္ပံကားဖြစ်တဲ့ Ready Player One ရုပ်ရှင်ကားမှာ မိုရီဆာကီဝင်းလည်း ပါဝင်ထားပြီး မတ်လ ၁၉ ရက်နေ့က လန်ဒန်မှာပြုလုပ်တဲ့ ယင်းရုပ်ရှင်ဇာတ်ကားအထူးပွဲကို တက်ရောက်ခဲ့ပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ရတာက သူ့အတွက် ကြီးမားတဲ့ အိပ်မက်တစ်ခုလို ဖြစ်နေပြီး စပီးဘာ့ဂ်နဲ့ သူ့ရဲ့ဆက်ဆံရေးအကြောင်းကိုလည်း BANG Showbiz ကို ပြောပြခဲ့ပါတယ်တဲ့။

play

 

"စတီဗင်က အရမ်းနွေးထွေးပြီး ကျွန်တော်တို့ကို ပျော်အောင်၊ သက်သောင့်သက်သာဖြစ်အောင် လုပ်ပေးတယ်။ မနက်မိုးလင်းရင် သူက ပွေ့ဖက်ပြီး နှုတ်ဆက်တော့ ကျွန်တော့်အဘိုးတစ်ယောက်လို သူ့ကို ခံစားမိပါတယ်" လို့ အဝင်းက ပြောခဲ့ပါတယ်။

"ဂျပန်မှာဆိုရင် တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်လေ့မရှိပါဘူး။ ဇာတ်ကား ရိုက်ကူးစဉ်မှာ ဒါရိုက်တာက ပွေ့ဖက်တာကို ခံရတာ ကျွန်တော့်အတွက် ဒါ ပထမဆုံးပါပဲ။ ကျွန်တော် အရမ်းပျော်တယ်" လို့လည်း မိုရီဆာကီဝင်းက  ပြောခဲ့တယ်လို့ ဆိုပါတယ်။

စတီဗင်စပီးဘာ့ဂ် (Steven Spielberg) ဟာ Jurassic Park, Schindler's List, Jaws စတဲ့ ကမ္ဘာကျော် ရုပ်ရှင်အများအပြားကို ရိုက်ကူးခဲ့သူလည်း ဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ် မိုရီဆာကီဝင်းဟာ မြန်မာနိုင်ငံမှာ မွေးဖွားခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သူငယ်စဉ်ကတည်းက မိဘတွေက ဂျပန်ကို သွားရောက် အလုပ်လုပ်ကိုင်ခဲ့ပြီး သူကတော့ အသက် ၁၀ နှစ်အထိ အဘွားနဲ့ မြန်မာပြည်မှာ နေခဲ့ရပါတယ်။ အဲဒီနောက် မိဘတွေရှိတဲ့ ဂျပန်ကို လိုက်သွားခဲ့ပါတယ်။

play

 

အသက် ၁၄ နှစ်အရွယ်ကတည်းက ဖျော်ဖြေရေးလောကထဲကို ဝင်ရောက်ဖို့ ကြိုးစားခဲ့တဲ့ မိုရီဆာကီဝင်းဟာ ဂျပန်အဆိုတော်အဖွဲ့ PrizmaXရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ၂၀၁၂ ခုနှစ်မှာ Sherry ဆိုတဲ့ ဂျပန်ရုပ်ရှင်ကားတစ်ကားမှာ ပါဝင်ခဲ့တယ်။ အဲဒီနောက် မိုရီဆာကီဝင်းဟာ ဟောလိဝုဒ်ရုပ်ရှင် Ready Player One မှာ ပါဝင်ဖို့ ရွေးချယ်ခံခဲ့ရပါတယ်။ Ready Player One မှာ အဝင်းက တိုရှီရိုယိုရှီအာကီအဖြစ် ပါဝင်ထားပါတယ်။

သူဟာ ဒါရိုက်တာ ကြည်ဖြူရှင်ရဲ့ ဇာတိမြေရုပ်ရှင်ကားမှာ အမျိုးသားဇာတ်ဆောင်အဖြစ် ပါဝင်ထားပြီး ဝတ်မှုန်ရွှေရည်နဲ့အတူ သရုပ်ဆောင်ထားပါတယ်။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD