AD
AD
AD

သရုပ်ဆောင် စိုးပြည့်သဇင်ရဲ့ ဖေ့စ်ဘွတ်အကောင့်လေး အဟက်ခံလိုက်ရပြီတဲ့။ မတ်လ(၂၁)ရက်နေ့ကတည်းက သူမရဲ့ ဖေ့စ်ဘွတ်အကောင့်ကို ခိုးယူခြင်းခံနေရတယ်ဆိုပြီး ပရိသတ်တွေကို ပြောပြခဲ့ပါသေးတယ်။ ဒီနေ့မှာတော့ သူမရဲ့ ဖေ့စ်ဘွတ် အကောင့်လေးက လုံးဝကို Log out ဖြစ်သွားပြီဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျကနေ ပြောပြထားပါတယ်။

play

 

"စိုးပြည့်ရဲ့အကောင့်လေးLog out ဖြစ်သွားပါပြီပြန်ဝင်လို့လည်းမရတော့ပါဘူး။ ကိုယ်သူငယ်ချင်းတွေမိတ်ဆွေတွေ... fansတွေနဲ့ သံယောဇဉ်ဖြစ်နေတဲ့ အကောင့်လေးသိပ်နှမြောပေမဲ့လည်း လူတဖက်သားကို အနှောက်အယှက်ပေးချင်တဲ့ လူတချို့ကြောင့် ပျက်သွားပြီပေါ့နော်။ သူများကို စိတ်အနှောက်အယှက်ပေးရင် တူညီသောအကျိုးကိုခံစားရဦးမှာပါ။ သူ့အတွက်တော့ပျော်စရာပါ့လေ.... စိုးပြည့်အတွက်တော့ နှစ်ချီပြီးသုံးခဲ့ရတာ.။ စိတ်မကောင်းဘူး။ ကိုယ်ပျော်ဖို့အတွက် တဖက်သားကိုအနှောက်အယှက်ပေးတယ်ဆိုတာ စိတ်ကောင်းရှိသူတွေရဲ့လုပ်ရပ်တော့မဟုတ်ဘူး။ စိုးပြည့်လည်းဒီပေ့ခ်ျလေးကိုဘဲသုံးတော့မှာပါ ချစ်တဲ့သူတွေလည်းဒီ page လေးကိုဘဲလာခဲ.တော့နော်" ဆိုပြီး ရေးသားထားပါတယ်။

play

 

ပရိသတ်တွေကို သူမကို ချိတ်ဆက်ပေးထားတဲ့ ဖေ့စ်ဘွတ်အကောင့်လေး အခုလို အဟက်ခံလိုက်ရတဲ့ အတွက် စိတ်မကောင်းဖြစ်လို့ နေပါတယ်။

စိုးပြည့်သဇင်ကတော့ လက်ရှိမှာ ပရိသတ်တော့ အားပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။၁၉၉၂ခုနှစ် စက်တင်ဘာ (၂၂)ရက်နေ့မှာ မွေးဖွားခဲ့တဲ့ သူမဟာ အခုဆိုရင် အသက်(၂၅)နှစ်ပြည့်ပြီ ဖြစ်ပါတယ်။သူမဟာ အသက်(၁၈)နှစ်နဲ့ အကယ်ဒမီဆုကို ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။သူအကယ်ဒမီ ရရှိခဲ့တဲ့ ဇာတ်ကားကတော့ "မိုးညအိမ်မက်မြူ" ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။

play

စိုးပြည့်သဇင်ကတော့ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။ သီချင်းပိုင်းနဲ့ ပတ်သက်ပြီး ချစ်သူရွေးမယ် တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးများကို ထွက်ရှိထားသူ တစ်ဦး ဖြစ်ပါတယ်။

Photo : စိုးပြည့်သဇင် ဖေ့စ်ဘွတ်ပေ့ခ်ျ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD