AD
AD
AD

ဖိုက်တင်မင်းသား ရဲမင်းပိုင်က ဒီနေ့(မတ်လ၂၃ရက်)မှာ ပြုလုပ်မယ့် အကယ်ဒမီပေးပွဲကြီးကို တက်ရောက်ဖြစ်မှာပါ။ သူ့အနေနဲ့ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ အကယ်ဒမီပေးပွဲကြီးကို ဒီနှစ်တက်ရောက်အားပေးရတော့မှာကြောင့် ရင်ခုန်နေမယ်လို့ ထင်ပါတယ်။

အကယ်ဒမီပေးပွဲကို ဒီဇိုင်နာ မျိုးမင်းစိုးချုပ်လုပ်ပေးတဲ့ ဝတ်စုံနဲ့ တက်ရောက်ဖြစ်မှာလို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

play

 

"နှစ်ပေါင်းကြာဝေးကွာခဲ့တဲ့အကယ်ဒမီပွဲကို ဒီနှစ်တော့တက်ရောက်အားပေးရတော့မှာ

ဒီဇိုင်နာ ကိုမျိုးမင်းစိုးနဲ့ စီစဉ်ပေးသူ မေဦးမောင်တော်ဝင်သူ တို့ကိုကျေးဇူးတင်ပါတယ်" ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ တွေ့ရပါတယ်။

play

 

ဇန်နဝါရီလ ၃၁ ရက်နေ့ကမှ မြန်မာပြည်ကို ပြန်ရောက်လာတဲ့ ရဲမင်းပိုင်က အနုပညာအလုပ်တွေ  ဆက်တိုက်လုပ်ကိုင်နေပြီး လက်ရှိမှာ လူခေါ်ခေါင်းလောင်း ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင် ရိုက်ကူးနေပါတယ်။

အဲဒီဇာတ်ကားထဲမှာ ရဲမင်းပိုင်က မင်းမော်ကွန်း၊ ထွန်းထွန်း၊ နေမျိုးအောင်၊ ထူးခြား၊ ဒိန်းဒေါင်၊ ထွန်းကိုကို၊ ဇင်ဝိုင်း၊ နေရဲ၊ သိန်းလင်း၊ ရွှေသမီး၊ နန်းခင်ဇေယျာ၊ မေမြင့်မိုရ်၊ မိုးမြင့်သဇင်၊ လှမျိုးသဉ္ဇာနွယ်စတဲ့ အနုပညာရှင်များနဲ့အတူ သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။

play

 

မြန်မာပြည်နဲ့ ၁၄ နှစ်ကြာ ခွဲခွာပြီး အမေရိကမှာ သွားရောက်နေထိုင်ခဲ့တဲ့ ရဲမင်းပိုင်ဟာ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ရန်ကုန်ကို ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

Photo : ရဲမင်းပိုင် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD