AD
AD
AD

သရုပ်ဆောင် သင်ဇာဝင့်ကျော်က ဒီနှစ်ကျင်းပမယ့် အကယ်ဒမီပေးပွဲကြီးကို မတက်ဖြစ်တော့ဘဲ အကယ်ဒမီရမယ့်သူတွေကို TV ကနေအားပေးတော့မယ်တဲ့။

အကယ်ဒမီပေးပွဲကို မတက်ဖြစ်တာက သူမနေမကောင်းဖြစ်နေလို့ပါဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ  ရေးသားထားတာ တွေ့ရပါတယ်။

play

 

"နေမကောင်းလို့အကယ်ဒမီပွဲမတက်နိုင်တော့ပါ ရမယ့်သူများကိုTVကြည့်ရင်းပဲအားပေးရတော့မယ်"ဆိုပြီး ပြောပြထားပါတယ်။ သူမတင်ထားတဲ့ ပို့စ်အောက်မှာတော့ သူမရဲ့ ပရိသတ်တွေက စိတ်မကောင်းဖြစ်လို့နေကြပါတယ်။ ပရိသတ်တွေက သူမကို ဖြစ်နိုင်ရင် ဆေးခန်းသွားပြီး အကယ်ဒမီပေးပွဲ တက်ပေးဖို့အထိတောင် ပြောထားကြတာ တွေ့ရပါတယ်။

play

 

အကယ်ဒမီပေးပွဲကို ၂၀၁၈ ခုနှစ် မတ်လ ၂၃ ရက်နေ့မှာ ရန်ကုန်မြို့ရှိ Myanmar Event Park မှာ ကျင်းပတော့မယ်မှာ ဖြစ်ပါတယ်။ ပရိသတ်တွေစောင့်မျှော်နေကြတဲ့ အကယ်ဒမီပေးပွဲကြီးမှာ ဘယ်သူတွေ အကယ်ဒမီရရှိကြမလဲဆိုရင်ခုန်နေကြပါပြီ။

တစ်နှစ်တစ်ကြိမ် ကျင်းပတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ) ဆုပေးပွဲအခမ်းအနားကို ၁၉၅၂ ခုနှစ်ကစပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ထူးချွန်ဆုရရှိသူ တစ်ဦးချင်းကို အကယ်ဒမီ ရွှေစင်ရုပ်တုနဲ့ ငွေသားဆု ချီးမြှင့်ပါတယ်။ရွှေစင်ရုပ်တုရဲ့ထိပ်မှာပါတဲ့ ကြယ်ပွင့်ကို ယခင်နှစ်တွေမှာ ရွှေသားစစ်စစ်  ၂ ကျပ်သားနဲ့ ပြုလုပ်ခဲ့တာဖြစ်ပေမဲ့ ဒီနှစ်မှာတော့ ရွှေသား ၅ ကျပ်သားနဲ့ ပြုလုပ် ချီးမြှင့်ခဲ့တာလည်း ဖြစ်ပါတယ်။

play

 

ရုပ်ရှင်မင်းသားကြီး ဦးညွှန့်ဝင်းက လက်ရှိအချိန်ထိ  အကယ်ဒမီဆု (၇)ဆုနဲ့ အကယ်ဒမီ အများဆုံးဆုရှင် မင်းသားကြီး  ဖြစ်ပါတယ်။ ဒါရိုက်တာ ဦးသုခ၊ သရုပ်ဆောင် ရန်အောင်၊ ဦးသန်းညွှန့်တို့က အကယ်ဒမီဆု(၆)ဆုရရှိထားပြီး မြင့်မြင့်ခင်၊ မောင်တင်ဦး၊ ကျော်ဟိန်း၊ မို့မို့မြင့်အောင်၊ ကြည်စိုးထွန်းနဲ့ မေသန်းနုတို့ကတော့ အကယ်ဒမီ (၅)ဆုစီ ရရှိထားကြတယ်လို့ သိရပါတယ်။

Photo : သင်ဇာဝင့်ကျော် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD