AD
AD
AD
play

 

ရွှေမှုံက လွန်ခဲ့တဲ့ မိနစ်ပိုင်းက ဗီဒီယိုဖိုင်လေးတစ်ခုကို တင်လိုက်ပါတယ်။ ပရိသတ်တွေကို သူမပြောပြထားတဲ့အတိုင်း ဗီဒီယိုဖိုင်လေးကို တင်လိုက်တာ ဖြစ်ပါတယ်။

play

 

အဲ့ဒီဗီဒီယိုလေးထဲမှာ သူမ မနက်အိပ်ယာနိုးတာကနေ အကယ်ဒမီပေးပွဲ သွားဖို့ ပြင်ဆင်နေပုံလေးတွေကို ဗီဒီယိုရိုက်ကူးထားတာဖြစ်ပါတယ်။ အဲ့ဒီဗီဒီယိုလေးနောက်ဆုံးမှာတော့ အကယ်ဒမီပွဲတက်ဝတ်စုံလေးဝတ်ပြီးကားနဲ့ ထွက်သွားတဲ့ ပုံစံလေးအထိကို ရိုက်ကူးထားတာပါ။

play

အကယ်ဒမီဝတ်စုံလေးကတော့ ပန်းရောင်လေး ဖြစ်ပါတယ်။ သူမရဲ့ အလန်းစားပြင်ဆင်မှုလေးတွေနဲ့ အကယ်ဒမီဖက်ရှင်ပုံစံလေးကို တွေ့မြင်နိုင်အောင်ဗီဒီယိုဖိုင်လေး ထည့်ပေးလိုက်တယ်နော်။

Postby

 

သရုပ်ဆောင် ရွှေမှုံရတီက မနှစ်က ကျင်းပပြုလုပ်တဲ့ ၂၀၁၅-၂၀၁၆ခုနှစ် အကယ်ဒမီပေးပွဲမှာ သူမရဲ့ ဖက်ရှင်နဲ့ ပတ်သက်ပြီး ကယက်ထခဲ့ပါသေးတယ်။

play

 

မနှစ်က အကယ်ဒမီပေးပွဲမှာ ရွှေမှုံက  စင်ဒရဲလားဖိနပ်လေးနဲ့ အကယ်ဒမီပေးပွဲကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ "Cinderella shoes for ACADEMY ဆိုတဲ့ စာသားလေးနဲ့အတူ အရမ်းလှတဲ့ ဖိနပ်လေးနဲ့ ဖိနပ်နဲ့ ဒီဇိုင်းတူ လက်သည်းဆိုးထားတဲ့ လက်လေးကို သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ တင်ထားခဲ့တာဖြစ်ပါတယ်။ 

အဲဒီပို့စ်အောက်မှာ ဒီဇိုင်နာ မျိုးမင်းစိုးက "သိန်း ၇၀ တန် ဖိနပ်ကြီးပေါ့" လို့comment ပေးလိုက်တဲ့အတွက် လူစိတ်ဝင်စားမှု ပိုမိုများခဲ့ပါတယ်။

Photo : ရွှေမှုံရတီ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD