AD
AD
AD
play

 

စိုင်းစိုင်းတစ်ယောက် အကယ်ဒမီပေးပွဲတက်ဖို့ ဘာဝတ်ရမှန်းမသိဘူးဖြစ်နေပါတယ်။ သူ့မှာရှိတာကလည်းအဖြူနဲ့အနက် (၂)ထည်ပဲ ရှိတာတဲ့ ။အဖြူကလည်း နည်းနည်းဟောင်းနေပြီဆိုပြီး သူရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားတာပါ။

"ဘာဝတ်ရမလဲ အဖြူနဲ့အနက် ၂ထည်ပဲရှိတယ်

အဖြူကလည်းနည်းနည်းဟောင်းနေပြီ  " ဆိုပြီး ရေးသားထားပါတယ်။

play

 

ဘာဝတ်ရမှန်းမသိပဲ ဖြစ်နေတဲ့ စိုင်းစိုင်းက စိတ်မညစ်ပဲ ကိုယ်ပါသာကိုယ် ပြန်အားပေးထားပါတယ်။ အဲ့ဒီစာသားလေးကတော့ " ဘာမှမဖြစ်ဘူးး စိုင်းစိုင်းက စိုင်းစိုင်းပဲ" တဲ့။

play

သူ့ရဲ့ပရိသတ်တွေက သူရေးထားတဲ့ စာရေးကို သဘောကျနေသလို ကောမန့်တွေကနေ သူ့ကို ပွဲတက်ဖက်ရှင်အတွက် အကြံဥာဏ်တွေ ပေးထားကြပါတယ်။
 

စိုင်းစိုင်းခမ်းလှိုင်(Sai Sai Kham Leng) ဟာ ၁၉၇၉ခုနှစ် ဧပရယ်မှာ မွေးဖွားခဲ့သူတစ်ဦး ဖြစ်ပြီး ယခုအချိန်မှာတော့ ပရိသတ် အခိုင်အမာရရှိထားတဲ့ အဆိုတော်နဲ့ သရုပ်ဆောင်တစ်ဦးဖြစ်လို့ နေပါပြီ ။

စိုင်းစိုင်းခမ်းလှိုင်ဟာ ၂၀၀၀ခုနှစ်မှာ ချောကလက်ရောင်ရေခဲအိမ်မက် တေးစီးရီးကို ထွက်ရှိခဲ့ကာ ၂၀၀၁ ခုနှစ်မှာ သူငယ်ချင်းများစွာအခွေ၊ ၂၀၀၃ ခုနှစ်မှာ ဖေဖော်ဝါရီ မှတ်တမ်း၊ ၂၀၀၄ ခုနှစ်မှာ Sai Sai Live Show နဲ့ ၂၀၀၅ခုနှစ်မှာ စိုင်းစိုင်းဟုခေါ်သည်၊ ၂၀၀၇ခုနှစ်မှာ Sai Sai Birthday ၊ 2009ခုနှစ်မှာ Ever ဂေါ်လီ၊ ၂၀၁၂ခုနှစ်မှာ ဒိတ်ဒိတ်ကျဲ စတဲ့ တေးစီးရီးများနဲ့ အတွဲခွေများစွာမှာလည်း ပါဝင်သီဆိုထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။

play

 

သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာ အာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။

Photo : စိုင်းစိုင်း FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD