AD
AD
AD
play

 

၂၀၁၇ခုနှစ်အတွက် ကျင်းပပြုလုပ်တဲ့ အကယ်ဒမီထူးချွန်ဆုပေးပွဲကို စန္ဒီမြင့်လွင်က မတက်ဖြစ်ဘူးလို့ ဆိုပါတယ်။သူမပွဲမတက်ဖြစ်ပေမယ့် ညီမဖြစ်သူ စိုးပြည့်ကိုတော့ အားပေးထားတာ တွေ့ရပါတယ်။

"Fighting မိုင်စစ်စတားစ် ပွဲမတက်ဖြစ်ပေမဲ့အိမ်ကနေအားပေးနေမယ်နော် ရခဲ့ရင်တော့ရှိတဲ့နေရာပြေးလာခဲ့မယ် ဖိုက်တင်း ချစ်တယ် ဆိုပြီးတော့ စန္ဒီမြင့်လွင်ရဲ့ အကောင့်မှာ ရေးသားထားပါတယ်။

play

 

ညီမဖြစ်သူ အကယ်ဒမီရမယ်လို့ ကြားတဲ့နှစ်ကျမယ့် သူမအနေနဲ့ မတက်ဖြစ်လို့ စန္ဒီမြင့်လွင်တစ်ယောက်စိတ်မကောင်းဖြစ်လို့နေပါတယ်။

သရုပ်ဆောင် စိုးပြည့်ကို ၂၀၁၇ခုနှစ်အတွက် ကျင်းပပြုလုပ်တဲ့ အကယ်ဒမီပေးပွဲမှာ ခေါက်ထီးလေးမလုံ့တလုံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ရမယ်လို့ ပရိသတ်တွေ ခန့်မှန်းထားကြပါတယ်။

play

 

အဲ့ဒီအတွက် သူမနဲ့သူမရဲ့ ပရိသတ်တွေလည်း စိတ်လှုပ်ရှားနေကြပါတယ်။

play

စိုးပြည့်သဇင်ကတော့ လက်ရှိမှာ ပရိသတ်တော့ အားပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။၁၉၉၂ခုနှစ် စက်တင်ဘာ (၂၂)ရက်နေ့မှာ မွေးဖွားခဲ့တဲ့ သူမဟာ အခုဆိုရင် အသက်(၂၅)နှစ်ပြည့်ပြီ ဖြစ်ပါတယ်။သူမဟာ အသက်(၁၈)နှစ်နဲ့ အကယ်ဒမီဆုကို ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။သူအကယ်ဒမီ ရရှိခဲ့တဲ့ ဇာတ်ကားကတော့ "မိုးညအိမ်မက်မြူ" ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။
 

စိုးပြည့်သဇင်ကတော့ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။ သီချင်းပိုင်းနဲ့ ပတ်သက်ပြီး ချစ်သူရွေးမယ် တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးများကို ထွက်ရှိထားသူ တစ်ဦး ဖြစ်ပါတယ်။

Photo : စန္ဒီမြင့်လွင် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD