AD
AD
AD
play

 

မကြာသေးခင် ရက်ပိုင်းလောက်ကမှ သမီးရတနာလေး မွေးထားတဲ့ သရုပ်ဆောင် ချောရတနာဟာ အကယ်ဒမီပေးပွဲကို လွမ်းလို့နေပါတယ်။ သူမမြတ်နိုးတဲ့ အကယ်ဒမီးပွဲလေးတောင် ကိုယ့်သားသမီးလောက် မဆွဲဆောင်နိုင်တော့ပါလားဆိုတဲ့စာသားလေးနဲ့အတူ အကယ်ဒမီပေးပွဲ တက်ရောက်ခဲ့တဲ့ ပုံလေးတွေကို သူမရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားတာ တွေ့ရပါတယ်။

play

 

ဒီနှစ်မှာတော့ အကယ်ဒမီပေးပွဲကို အိမ်ကနေ အားပေးနေတယ်ဆိုပြီးတော့ ရေးသားထားပါတယ်။

"ကိုယ်မြတ်နိုးတဲ့ပွဲလေး တောင် ကိုယ့်သားသမီး လောက်မဆွဲဆောင်နိုင်တော့ပါလား     ဒီနှစ်အိမ်ကနေအားပေးနေတယ်နော် ချစ်သော အနုပညာရှင်များ ရှင့်"ဆိုပြီးတော့ ရေးသားထားတာတွေ့ရပါတယ်။

play

 

သရုပ်ဆောင် ချောရတနာက မတ်လ၁၂ရက်နေ့ မနက်ပိုင်းက ဒုတိယရင်သွေးလေးဖြစ်တဲ့ သမီးလေးကို အောင်မြင်စွာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

သမီးလေးကိုယ်ဝန်စရှိကတည်းက အင်္ကျီကြောငြာတွေ ရိုက်ကူးခဲ့ရ သလိုပဲ သမီးလေး မွေးပြီးရင်လည်း ကြော်ငြာတွေ ရိုက်ကူးဖို့အတွက်ကို ကမ်းလှမ်းထားတာတွေ ရှိတယ်လို့ ချောရတနာက ပြောပြခဲ့ပါတယ်။

play

 

သားလေးကတော့ လက်ရှိမှာ (၃)နှစ်ကျော် လေးနှစ်အရွယ်ကို ရောက်နေပြီဖြစ်ပါတယ်။ ချောရတနာဟာ တစ်ချိန်"ဥ" ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီဆုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

Photo : ချောရတနာ FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD