AD
AD
AD
play

 

၂၀၁၇ခုနှစ်အတွက် ကျင်းပပြုလုပ်တဲ့  အကယ်ဒမီပေးပွဲကြီးကို တက်ရောက်ခဲ့တဲ့ သရုပ်ဆောင်ချမ်းမင်းရဲထွဋ်ရဲ့ ဖက်ရှင်ကတော့ ပရိသတ်များရဲ့ စိတ်ဝင်စားမှုကို အများဆုံး ခံနေရပါတယ်။ ညရုပ်ရှင်ဇာတ်ကားကနေ စပြီး ပရိသတ်အားပေးမှုအခိုင်အမာရရှိလာတဲ့ ညမင်းသားလေး ချမ်းမင်းရဲထွဋ်ရဲ့ ဖက်ရှင်က လုံးဝအလန်းစားပါ။

play

 

သူ့ရဲ့ အကယ်ဒမီ ပွဲတက်ဝတ်စုံကို မိန်းကလေး ပရိသတ်များရဲ့ အားပေးမှုသာမက ယောက်ျားလေးပရိသတ်များရဲ့ အားပေးမှုကိုပါ ရရှိနေတာ ဖြစ်ပါတယ်။ အကယ်ဒမီပွဲတက်ဝတ်စုံကို ဒီဇိုင်နာ ကောင်းမြတ်က ပုံဖော်ပေးထားတာ ဖြစ်ပြီး စိန်နန်းတောင်က လက်ဝတ်ရတနာများကို စပွန်ဆာပေးထားတာ မိတ်ကပ်ကိုတော့ Jessica Han က လိမ်းပေးထားတယ်လို့ သိရပါတယ်။

play

 

ချမ်းမင်းရဲ့ ပွဲတက်ဝတ်စုံဟာ မြန်မာမင်းများလက်ထက်က ဝတ်ဆင်ကပုံစံမျိုးဖြစ်ပြီး ရွေးချယ်ထားတဲ့ အရောင်ကလည်း သူ့ရဲ့အသား အရည်နဲ့ လိုက်ဖက်လွန်းလှပါတယ်။ တောင်ရှည်နဲ့ ရှုးဖိနပ်ကို တွဲဖက်ဝတ်ဆင်ထားတဲ့ အကယ်ဒမီပွဲတက်စုံကတော့ ပရိသတ်များရဲ့ ပါးစပ်ဖျား ပြောစမတ်ကျန်ရှိနေတဲ့ ဝတ်စုံတစ်စုံ ဖြစ်မှာအမှန်ပါပဲ။

play

 

ချမ်းမင်းရဲထွဋ်ဟာ သရုပ်ဆောင်အသစ်တစ်ယောက်ဖြစ်ပေမယ့်လည်း ညရုပ်ရှင်ဇာတ်ကား ရုံတင်ပြီးနောက်ပိုင်း ပရိသတ်များစွာရဲ့ အားပေးမှုရရှိလာသူ တစ်ဦး လည်း ဖြစ်ပါတယ်။

Photo : ချမ်းမင်းရဲထွဋ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD