AD
AD
AD

ရုပ်ရှင်တစ်သက်တာဆုကို ဘဘဘိုကလေးတင့်အောင်က ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဘဘ စည်သူဘိုကလေးတင့်အောင်အတွက် ရုပ်ရှင်တစ်သက် တာ ဆုကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ချီးမြှင့်ပေးခဲ့ပါတယ်။

play

"ကျွန်တော်တို့ ရုပ်ရှင်လောကဆိုတာ အနုပညာရှင်များနဲ့ အတတ်ပညာရှင်များ စုပေါင်းဆောင်ရွက်မှ အောင်မြင်တဲ့ လုပ်ငန်းတစ်ရပ်ဖြစ် ပါတယ်။ အဲဒီလုပ်ငန်းရှင်များ လုပ်ဖော်ကိုင်ဖက်များ အားလုံး စိတ်အားတက်ကြွအောင် နိုင်ငံတော်က အသိအမှတ်ပြုတဲ့အနေနဲ့ နိုင်ငံတော်၏ ခေါင်းဆောင်ကြီးများ ကြွလာပြီးတော့ စိတ်ရောကိုယ်ပါ မိန့်ခွန်းပြောကြားတာတွေ့ရတော့ ဘယ်လိုဝမ်းသာမှန်းမသိပါဘူး" လို့

ဘဘက တက်ရောက်ချီးမြှင့်တဲ့ နိုင်ငံခေါင်းဆောင်များကို ကျေးဇူးတင်စကားပြောခဲ့ပါတယ်။အခု ဘဘဟာ အသက်(၉၆)နှစ် ပြည့်ဖို့ ၂ လပဲ လိုတော့တယ်လို့လည်း ဆိုပါတယ်။

"ကျွန်တော်မချမ်းသာချင်ဘူး။ စိတ်ချမ်းသာချင်တယ်။ လူမချမ်းသာချင်နေပါစေ။ စိတ်ချမ်းသာရင်ပြီးရောလို့ သဘောထားတဲ့သူပါ။ အသက် ၁၀၀ ပြည့်ဖို့ပဲ ကြိုးစားပါ့မယ်ခင်ဗျာ" ဆိုပြီး ပြောသွားခဲ့ပါတယ်။

play

 

ဘဘဘိုကလေးတင့်အောင်ဟာ အနုပညာလောက ထဲကို  ၁၉၄၇ ခုနှစ်ကတည်းက စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး ရုပ်ရုပ်၊ ဂီတ၊ စာပေ စတဲ့ အနုပညာအလုပ်တွေနဲ့ပဲ အသက်မွေးခဲ့သူ ဖြစ်ပါတယ်။

ဘဘဘိုကလေးတင့်အောင် စတင် ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကားတွေက ဦးအောင်ဇံနဲ့ ငယ်ကျွမ်းဆွေဖြစ်ပါတယ်။

ဘဘက လက်ပံပွင့်ကောက်အရောက်လာမယ်၊ မေတ္တာဟူသည်၊ တံငါသီချင်း၊ ဂျင်မလေးဂျမ်းစတဲ့ သီချင်းတွေအပါအ၀င် နာမည်ကျော် သီချင်းအတော်များများကို ရေးစပ်ခဲ့တဲ့ ဂီတပညာရှင်ကြီးလည်း ဖြစ်ပါတယ်။

play

 

စာပေအရေးအသားမှာလည်း ထူးချွန်လှတဲ့ ဘဘဘိုကလေးတင့်အောင်ဟာ ၁၉၉၆ ခုနှစ်မှာ အမျိုးသားစာပေဆုကို ရရှိခဲ့သလို အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) က ပေးအပ်တဲ့ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို ရှိခဲ့သူဖြစ်ကာ ရုပ်ရှင်ဂီတလောကသားများ လေးစားကြည်ညိုရသူလည်း ဖြစ်ပါတယ်။

play

ရုပ်ရှင်တစ်သတ်တာဆုကို ရုပ်ရှင်လောကသားတွေအားလုံးရဲ့ ဝိုင်းဝန်းရွေးချယ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ ရုပ်ရှင်တစ်သတ်တာဆုကို ရရှိခဲ့သူ စည်သူဘိုကလေးတင့်အောင်အနေနဲ့ ရွှေငါးကျပ်သားဆု၊ ရွှေစင်ကြယ်ငါးကျပ်သားပါဝင်တဲ့ အကယ်ဒမီရွှေစင်ရုပ်ထုနဲ့အတူ ငွေကျပ် ငါးသိန်းကို လစဉ်ထောက်ပံ့သွားမှာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD