AD
AD
AD
play

 

၂၀၁၇ခုနှစ်အတွက် ကျင်းပပြုလုပ်တဲ့ အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ အကောင်းဆုံးရုပ်ရှင်အသံဆုကို ထာဝရအမေ ရုပ်ရှင်ဇာတ်ကားနဲ့ သိန်းအောင် က ရရှိသွားတာ ဖြစ်ပါတယ်။

ထာဝရအမေရုပ်ရှင်ဇာတ်ကားရဲ့ အသံဖန်တီးရာမှာ အတိုးအကျယ်အနိမ့် ဇာတ်ဝင်ခန်းနဲ့ လိုက်ဖက်တဲ့ အသံတွေကို ထည့်ပေးထာတာ တွေ့ရပါတယ်။ ဇာတ်ဝင်ကားနဲ့ လိုက်ဖက်တဲ့ အသံတွေကို ထည့်သွင်းထားနိုင်တာကြောင့်သိန်းအောင်ကို ထာဝရအမေဇာတ်ကားနဲ့ အကောင်းဆုံး ရုပ်ရှင်အသံဆိုကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။

play

သူ့အနေနဲ့ ဒါရိုက်တာ ဦးစင်ရော်မောင်မောင်နဲ့ နိုင်ငံတော်အကျိုးပြုကားများစွာ ရိုက်ကူးဖူးသူဖြစ်ကြောင်းနဲ့ ဒီရုပ်ရှင်ကားမှာ ဦးစင်ရော်က ကျွန်တော့်ကို ပထမဆုံး ရုံကြီးကားအဖြစ် ခိုင်းတဲ့အတွက် ကျေးဇူးတင်ကြောင်းကိုလည်း ပြောသွားခဲ့ပါတယ်။

play

 

တစ်နှစ်တစ်ကြိမ် ကျင်းပတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ) ဆုပေးပွဲအခမ်းအနားကို ၁၉၅၂ ခုနှစ်ကစပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ထူးချွန်ဆုရရှိသူ တစ်ဦးချင်းကို အကယ်ဒမီ ရွှေစင်ရုပ်တုနဲ့ ငွေသားဆု ချီးမြှင့်ပါတယ်။ရွှေစင်ရုပ်တုရဲ့ထိပ်မှာပါတဲ့ ကြယ်ပွင့်ကို ယခင်နှစ်တွေမှာ ရွှေသားစစ်စစ်  ၂ ကျပ်သားနဲ့ ပြုလုပ်ခဲ့တာဖြစ်ပေမဲ့ ဒီနှစ်မှာတော့ ရွှေသား ၅ ကျပ်သားနဲ့ ပြုလုပ် ချီးမြှင့်

ခဲ့တာလည်း ဖြစ်ပါတယ်။

ရုပ်ရှင်မင်းသားကြီး ဦးညွှန့်ဝင်းက လက်ရှိအချိန်ထိ  အကယ်ဒမီဆု (၇)ဆုနဲ့ အကယ်ဒမီ အများဆုံးဆုရှင် မင်းသားကြီး  ဖြစ်ပါတယ်။ ဒါရိုက်တာ ဦးသုခ၊ သရုပ်ဆောင် ရန်အောင်၊ ဦးသန်းညွှန့်တို့က အကယ်ဒမီဆု(၆)ဆုရရှိထားပြီး မြင့်မြင့်ခင်၊ မောင်တင်ဦး၊ ကျော်ဟိန်း၊ မို့မို့မြင့်အောင်၊ ကြည်စိုးထွန်းနဲ့ မေသန်းနုတို့ကတော့ အကယ်ဒမီ (၅)ဆုစီ ရရှိထားကြတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD