AD
AD
AD
play

 

၂၀၁၇ခုနှစ်အတွက်  ကျင်းပပြုလုပ်တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အကောင်းဆုံး ရုပ်ရှင်တေးဂီတဆုကို စန္ဒယားတင်ဝင်းလှိုင်က ကွမ်းလုံရက်လေးဆယ်နဲ့ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒေါက်တာ အန်ဒရူးကောင်းက အကောင်းဆုံး ရုပ်ရှင်တေးဂီတဆုကို ဖွင့်ဖောက်ကြေညာ ပေးခဲ့တာဖြစ်ပြီး ဆုချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

play

 

စန္ဒယားတင်ဝင်းလှိုင်ဟာ ၂၀၁၄ခုနှစ်က ကြယ်စင်မောင်ကွန်း ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး တေးဂီတဆုကို ရရှိပြီးခဲ့သူလည်း ဖြစ်ပါတယ်။ ကွမ်းလုံရက်လေးဆယ် ရုပ်ရှင်ဇာတ်ကားကြီးဟာ ဒါရိုက်တာ ပန်းချီစိုးမိုးက ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

ကွမ်းလုံရက်လေးဆယ် ရုပ်ရှင်ဇာတ်ကားဟာ သမိုင်းဝင် ကွမ်းလုံရက်လေးဆယ်တိုက်ပွဲကြီးအကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားကြီးလည်း ဖြစ်ပါတယ်။ ကွမ်းလုံရက်လေးဆယ် ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင်များစွာ ပါဝင်ထားပြီး တပ်မတော်ကား တစ်ကားလည်း ဖြစ်ပါတယ်။

play

 

တစ်နှစ်တစ်ကြိမ် ကျင်းပတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ) ဆုပေးပွဲအခမ်းအနားကို ၁၉၅၂ ခုနှစ်ကစပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ထူးချွန်ဆုရရှိသူ တစ်ဦးချင်းကို အကယ်ဒမီ ရွှေစင်ရုပ်တုနဲ့ ငွေသားဆု ချီးမြှင့်ပါတယ်။ရွှေစင်ရုပ်တုရဲ့ထိပ်မှာပါတဲ့ ကြယ်ပွင့်ကို ယခင်နှစ်တွေမှာ ရွှေသားစစ်စစ်  ၂ ကျပ်သားနဲ့ ပြုလုပ်ခဲ့တာဖြစ်ပေမဲ့ ဒီနှစ်မှာတော့ ရွှေသား ၅ ကျပ်သားနဲ့ ပြုလုပ် ချီးမြှင့်ခဲ့တာလည်း ဖြစ်ပါတယ်။

play

 

ရုပ်ရှင်မင်းသားကြီး ဦးညွှန့်ဝင်းက လက်ရှိအချိန်ထိ  အကယ်ဒမီဆု (၇)ဆုနဲ့ အကယ်ဒမီ အများဆုံးဆုရှင် မင်းသားကြီး  ဖြစ်ပါတယ်။ ဒါရိုက်တာ ဦးသုခ၊ သရုပ်ဆောင် ရန်အောင်၊ ဦးသန်းညွှန့်တို့က အကယ်ဒမီဆု(၆)ဆုရရှိထားပြီး မြင့်မြင့်ခင်၊ မောင်တင်ဦး၊ ကျော်ဟိန်း၊ မို့မို့မြင့်အောင်၊ ကြည်စိုးထွန်းနဲ့ မေသန်းနုတို့ကတော့ အကယ်ဒမီ (၅)ဆုစီ ရရှိထားကြတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD