AD
AD
AD
play

 

၂၀၁၇ ခုနှစ်အတွက် ကျင်းပပြုလုပ်တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အကောင်းဆုံး ဇာတ်ညွှန်းဆုကို ရင်ဘက်ထဲကဓား ရုပ်ရှင်ဇာတ်ကားနဲ့ ဝိုင်းက ရရှိသွားခဲ့ပါတယ်။ ဒီဆုကို အကယ်ဒမီစည်သူကြည်စိုးထွန်းက ဖွင့်ဖောက်ကြေညာပေးခဲ့ပြီး ဆုချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

play

 

ဒီဇာတ်ကားမှာ ၀ိုင်းက ဒါရိုက်တာအပြင် ဇာတ်ညွှန်းအနေနဲ့ပါ  ပါဝင်ခဲ့တာလည်း ဖြစ်ပါတယ်။ ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ။်

play

 

သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့တဲ့ ဝိုင်းဟာ အာဒံ၊ဧဝ၊ဒဿ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒါရိုက်တာအဖြစ် စပြီးနာမည်ကြီးခဲ့သလို အဲ့ဒီဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုနဲ့ အမျိုးသမီးဇာတ်ဆောင်ဆုတို့ကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။

play

 

ဒါရိုက်တာဝိုင်းက ၂၀၁၃ခုနှစ်မှာ စေတန်ရဲ့ ကချေသည် ရုပ်ရှင်ဖာတ်ကားကြီးနဲ့ ဒါရိုက်တာဆုကို ရရှိခဲ့ပြီး ၂၀၁၅ခုနှစ်မှာ ကျွန်မကနှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး ဒါရိုက်တာ ဆု၊ ကို ရရှိခဲ့တာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD