AD
AD
AD
play

 

၂၀၁၇ ခုနှစ်အတွက် ကျင်းပပြုလုပ်တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အကောင်းဆုံး ဒါရိုက်တာဆုကို ထာဝရအမေရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီ စင်ရော်မောင်မောင်က ရရှိသွားခဲ့ပါတယ်။ ဒီဆုကို အကယ်ဒမီ ဒါရိုက်တာဦးဝင်းဖေက ဖွင့်ဖောက်ကြေညာပေးပြီး ဆုချီးမြှင့်ပေးခဲ့တာ ဖြစ်ပါတယ်။

play

 

play

အကယ်ဒမီဇင်ယော်မောင်မောင်က ၁၄နှစ်ဝေးနေတဲ့ဆု ပြန်ရောက်လာလို့လည်း အရမ်းဝမ်းသာတယ်လို့ အကယ်ဒမီဆုယူရင်း စင်မြင့်ထက်မှာ ပြောပြသွားခဲ့ပါတယ်။

ထာဝရအမေ မိခင်မေတ္တာဖွဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ပုံဖော်ရိုက်ကူးခဲ့တဲ့ စင်ရော်မောင်မောင်က သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်ပိုင်း သာမက အဘက်ဘက်က မလစ်ဟင်းအောင်ပြင်ဆင်ခဲ့ပြီး ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးမှာ နေတိုး၊ မေသန်းနု၊ ဝတ်မှုံရွှေရည်တို့က အဓိကပါဝင် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

play

ဒါရိုက်တာ စင်ရော်မောင်မောင်က ၁၉၈၃ ခုနှစ်မှာ ထုတ်လုပ်ရေးမန်နေဂျာအဖြစ် အနုပညာလောကထဲကို စတင် ဝင်ရောက်ခဲ့တာဖြစ်ပြီး "မောင်" ဗီဒီယိုဇာတ်ကားနဲ့ နာမည်ကြီးလာသူ ဖြစ်ပါတယ်။

ဒါရိုက်တာ စင်ရောက်မောင်မောင်က ၁၉၉၄ ခုနှစ်မှာ "တပြည်သူမရွှေထား" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ "လျှို့ဝှက်သောနှင်း" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် စင်ရော်မောင်မောင် ပိုင်ဆိုင်တဲ့ စင်ရော်ထုတ်လုပ်ရေးကလည်း ၁၉၉၄ မှာ တပြည်သူမရွှေထား၊ ၂၀၀၄ မှာ လျှို့ဝှက်သောနှင်းနဲ့ ၂၀၀၉ ခုနှစ်မှာ ကြိုးကြားတောင်ပံခတ်သံတို့ဖြင့် ဇာတ်ကားဆု ၃ ဆု ရရှိခဲ့ပါတယ်။ ဒါကြောင့် အခု ဒါရိုက်တာဆုနဲ့ဆိုရင် စင်ရော်မောင်မောင်ဟာ ဒါရိုက်တာဆု ၃ ဆု၊ ဇာတ်ကားဆု ၃ ဆု၊ စုစုပေါင်း အကယ်ဒမီဆု ၆ ဆု ပိုင်ဆိုင်ထားပါပြီ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD