AD
AD
AD
play


၂၀၁၇ခုနှစ်အတွက်  ကျင်းပပြုလုပ်တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ ဆုကို 3Girls ရုပ်ရှင်ဇာတ်ကားနဲ့ ပိုင်ဖြိုးသုက ရရှိသွားခဲ့ပါတယ်။  ယင်းဆုကို အကယ်ဒီငါးဆုရှင် ဒေါ်မြင့်မြင့်ခင်က ဆုဖွင့်ဖောက်ကြေညာပေးခဲ့တာ ဖြစ်ပြီး ဆုချီးမြှင့်ပေးခဲ့ပါတယ်။

play


စာရေးဆရာမ ရွှေရုပ်သွင် ကာရိုက်တာကို ပီပြင်စွာ သရုပ်ဆောင်နိုင်တာကြောင့် ပိုင်ဖြိုးသုက အမျိုးသမီးဇာတ်ပို့ဆုကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ ပိုင်ဖြိုးသုကတော့ ဆုရရှိသွားခဲ့တဲ့အချိန်မှာ အရမ်းကို စိတ်လှုပ်ရှားခဲ့ပြီး မျက်ရည်တောင် ကျခဲ့ပါတယ်။

"ပထမဆုံး သု စိတ်အရမ်းလှုပ်ရှားနေတဲ့အတွက် စကားအမှားပါသွားခဲ့ရင် တောင်းပန်ပါတယ် ကျေးဇူးတင်စကားပြောတဲ့အခါ ကျန်ခဲ့သူတွေ ရှိရင် ကြိုပြီးတောင်းပန်ပါတယ်ရှင့်" ဆိုပြီးတော့ အရမ်းကို စိတ်လှုပ်ရှားကာ ငိုသံလေးနဲ့ ပြောသွားခဲ့ပါတယ်။

play


3Girls ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာဝိုင်းက ရိုက်ကူးထားတာဖြစ်ပြီး အလင်းရောင်၊ ဖွေးဖွေး၊ အိချောပိုနဲ့ ပိုင်ဖြိုးသုတို့က အဓိက ပါဝင်သရုပ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

Postby


ပိုင်ဖြိုးသုဟာ ငယ်စဉ်ကတည်းက အနုပညာလောကနဲ့ ရင်းနှီးနေသူ တစ်ဦးဖြစ်ပြီး ဆေးကျောင်းတစ်ဖက်နဲ့ သရုပ်ဆောင်ဘက်ကို ကြိုးစားလာသူလည်း ဖြစ်ပါတယ်။ အနုပညာပျိုးခင်း(၂) ရဲ့ စင်တင်မင်းသမီး တစ်ဦးဖြစ်ခဲ့တဲ့ ပိုင်ဖြိုးသုက ယခုလိုဆိုရင် ပရိသတ်အားပေးမှု ရရှိထားတဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်နေပါပြီ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD