AD
AD
AD
play


၂၀၁၇ခုနှစ်အတွက်  ကျင်းပပြုလုပ်တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို တာတေကြီး ရုပ်ရှင်ဇာတ်ကားနဲ့ နေတိုးက ရရှိသွားခဲ့ပါပြီ။ယင်းဆုကို မင်းသားကြီး ဦးကြည်စိုးက ဖွင့်ဖောက်ကြေညာပေးတာဖြစ်ပြီး ဆုချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

နေတိုးဟာ အကယ်ဒမီရရှိခဲ့တဲ့ နှစ်တိုင်း အကယ်ဒမီရွှေကြယ်ကို လှူဒါန်းဖြစ်ခဲ့ပြီး ဒီနှစ်မှာလည်း ယင်းရွှေကြယ်ကို လှူဒါန်းသွားမယ်လို့ Duwun Media ကို ပြောပြခဲ့ပါတယ်။

play


တာတေကြီး ဇာတ်ကားမှာ နေတိုးဟာ မမတာဇာတ်ရုပ်နဲ့ ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်ခဲ့သူပါ။ မိန်းမလျာတစ်ယောက်အဖြစ် ဘဝကို ကြိုးစားရုန်းကန်ရင်း မသာမာသူတွေရဲ့ ယုတ်မာမှုကို ခံရပြီး မိသားစုလိုက် သေသွားခဲ့ရာက အစွဲအလမ်းကြီးသူတစ်ဦးဖြစ်ပြီး မကျွတ်မလွတ်ဘဲ သရဲဘဝကို ရောက်ရှိသွားခဲ့ရပါတယ်။

မမတာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်ရုံသာမက နာနာဘာဝမိသားစုသုံးယောက် တစ်ယောက်ပြီးတစ်ယောက် သူ့ကို ဝင်ပူးချိန်မှာ တစ်ယောက်ချင်းစီရဲ့ပုံစံကို ပီပြင်အောင် ပြသသွားနိုင်တာက နေတိုးရဲ့ သရုပ်ဆောင် ပိုင်နိုင်မှုကို မြင်သာစေပါတယ်။

play


နေတိုးကတော့ ၁၉၈၁ခုနှစ် စက်တင်ဘာ(၉)ရက်နေ့က မွေးခဲ့သူ တစ်ဦးဖြစ်ပြီး ရခိုင်တိုင်းရင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။ ၁၉၉၉ခုနှစ်မှာ YIIK modeling agency မှာ သင်တန်းတက်ရောက်ခဲ့ပြီး အဆိုပိုင်းနဲ့ ပတ်သက်ပြီး ဦးစောနုဆီမှာ သင်ယူခဲ့သူလည်း ဖြစ်ပါတယ်။ သရုပ်ဆောင်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ၂၀၀၁ခုနှစ်မှာ ခေါင်းဆောင်မင်းသားအနေနဲ့ ဗီဒီယိုဇာတ်ကားတွေ စတင်ရိုက်ကူးခဲ့ပါတယ်။

play


ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ တစ်ယောက်ဖြစ်လာတဲ့ နေတိုးကတော့ ၂၀၀၉ခုနှစ်မှာ "မိုးညအိမ်မက်မြူ" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။ ၂၀၁၅ခုနှစ်မှာတော့ နက္ခတ်မှားတဲ့တိုက်ပွဲ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။

Postby


နေတိုးဟာ အနုပညာအရည်အသွေးပြည့်ဝတာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူ တစ်ယောက်အဖြစ် သရုပ်ဆောင်လောကမှာ အောင်မြင်စွာ ရပ်တည်နေနိုင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD