AD
AD
AD
play

 

၂၀၁၇ခု နှစ်အတွက်  ကျင်းပပြုလုပ်တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရင်ဘက်ထဲကဓား ရုပ်ရှင်ဇာတ်ကားနဲ့ အိန္ဒြာကျော်ဇင်က ဆွတ်ခူးခဲ့နိုင်ပါပြီ။ ဒီဆုကို သုံးထပ်ကွမ်း အကယ်ဒမီဆုရှင်ဒေါ်ဝါဝါဝင်းရွှေက ဖွင့်ဖောက်ကြေညာပေးတာ ဖြစ်ပြီး ဆုချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

play

 

အိန္ဒြာကျော်ဇင်ဟာ ပရိသတ်တွေရစေချင်တဲ့ ဇာတ်ကားနဲ့ အကယ်ဒမီဆုကို ရရှိသွားခဲ့ပြီဖြစ်ပါတယ်။  အခုရရှိခဲ့တဲ့ဆုက သူမအတွက် ၁၃နှစ်ကြာမှ ရရှိခဲ့တဲ့ အကယ်ဒမီဆုဖြစ်ပါတယ်။

အဲ့ဒီဇာတ်ကားမှာ အဝေးအဖြစ် သရုပ်ဆောင်ထားတဲ့ အိန္ဒြာကျော်ဇင်အတွက် ပင်ပန်းတဲ့ ကားတစ်ကားလို့ ဆိုရမှာပါ။ ကိုယ့်ထက် အသက်ငယ် တဲ့ ဆေးကျောင်းသားလေးကို အချစ်တစ်ခုတည်းကိုးကွယ်ပြီး ယူထားကာ အိမ်ထောင်တစ်ခုကို ကိုယ်တိုင် ဦးဆောင်နေရသူ အဖြစ် သရုပ်ဆောင်ထားပါတယ်။

play


ဒီလိုပဲ ခင်ပွန်းဖြစ်သူရဲ့ မသိတတ်မှု၊ မိဘနဲ့ အမဖြစ်သူရဲ့ သွေးထိုးမှုတွေကို နားယောင်ပြီး မိန်းမဖြစ်သူအပေါ် မကြင်နာ အပြင်မှာ ကြင်ရာရှာခဲ့တဲ့အပေါ် သိသိကြီးနဲ့ နှိပ်စက်ခံနေရတဲ့ အဝေးရဲ့ဇာတ်ရုပ်ကို ပင်ပန်းတကြီးနဲ့ ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့ပါတယ်။

play


"ရင်ဘက်ထဲကဓား" ဇာတ်ကားမှာ အိန္ဒြာကျော်ဇင်ဟာ အဝေးဆိုတဲ့ ဇာတ်ရုပ်နဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူ ဖြစ်ပါတယ်။ ဝတ္ထုလမင်းမိုမိုရဲ့ အမှောင်ထဲမှာဆိုတဲ့ ဇာတ်ကို ရင်ဘက်ထဲကဓား ရုပ်ရှင်အဖြစ် ပရိသတ်တွေကို ဆွဲဆောင်နိုင်အောင် ဖန်တီးထားတဲ့ ပါဝင်တဲ့ အနုပညာရှင်တွေရဲ့ လုပ်ဆောင်ချက်ကတော့ အံ့မခန်းပါပဲ။

Postby

 

အိန္ဒြာကျော်ဇင်ဟာ ၁၉၉၆ တစ်ခုနှစ်ထဲမှာပဲ MISS KOKKINE & MISS CHRISTMAS ၂ဆုလုံး ရထားတဲ့ Miss တစ်ဦးဖြစ်ခဲ့ဖူးပါတယ်။ အိန္ဒြာကျော်ဇင်ဟာ အနုပညာလောကထဲမှာ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ဦးအဖြစ် ခိုင်မာစွာ ရပ်တည်နေနိုင်သူ တစ်ဦးဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာ "မျက်နှာများတဲ့မိုးကောင်းကင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားသူ တစ်ဦးဖြစ်ပါတယ်။

အိန္ဒြာကျော်ဇင်ဟာ သရုပ်ဆောင်ပြေတီဦးနဲ့ ၂၀၁၁ခုနှစ် ဇန်နဝါရီ ၁ရက်နေ့မှာ လက်ထပ်ခဲ့ပြီး ပြေသုဒြာနဲ့ ပြေဓီရဆိုတဲ့ ရင်သွေးလေး နှစ်ယောက်နဲ့ သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူ တစ်ဦးဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD