AD
AD
AD
play

 

တစ်နှစ်မှာ တစ်ခါပဲ ကျင်းပပြုလုပ်တဲ့ အကယ်ဒမီပေးပွဲနဲ့ ပတ်သက်ပြီး သူမရဲ့ ခံစားချက်လေးကို ဖေ့စ်ဘွတ်ကနေ ရင်ဖွင့်ထားတာ ဖြစ်ပါတယ်။ အကယ်ဒမီဆုရရှိပြီးသားသူ အနုပညာရှင် တစ်ယောက်ဖြစ်ခဲ့ပေမယ့် အကယ်ဒမီပွဲ တက်ဖို့ ဖိတ်တဲ့စာရင်းထဲမှာ သူမနာမည်ပါဝင်ခဲ့ခြင်းမရှိဘူးလို့ ပြောထားပါတယ်။

play

 

အဲ့ဒီတွက်လည်း ချစ်စနိုးတစ်ယောက် တော့်တော့်ကို စိတ်မကောင်းဖြစ်ရတယ်ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားထားတာ တွေ့ရပါတယ်။

"တစ်နှစ်မှာတစ်ခါဘဲကျင်းပတဲ့ အကယ်ဒမီ ပွဲနေ့လေးအမှတ်တရပါ ... ကျွန်မအကယ်ဒမီ ချစ်စနိုးဦးပါ ..အမှန်အတိုင်းပြောရရင်တော့ ဖိတ်စာဖိတ်တဲ့စာရင်းထဲမှာ ကိုယ်မပါပါဘူး .. sponsor တွေယူထားပြီးလို့သာလက်မှတ်သွားတောင်းပြီးတက်ထားရတာပါ .. စိတ်တော့တော်တော်မကောင်းဘူး" ဆိုပြိး ပြောထားပါတယ်။

play

 

ဒါပေမယ့်လည်း သူမအနေနဲ့ ၂၀၁၇ခုနှစ်အတွက် ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာရုပ်ရှင်ထူးချွန်ဆုပေးပွဲ အကယ်ဒမီပေးပွဲကြီးသို့ တက်ရောက်အားပေးဖြစ်ခဲ့ပါတယ်။ ပွဲတက်ဖို့ကိုလည်း မိတ်ကပ်ကျော်မိုးက တာဝန်ယူပေးထားပြီး ဒီဇိုင်နာ မေမြတ်ဝါဆို၊ လက်ဝတ်ရတနာ (29 Jewelry) နဲ့ ပိုးထည် မိုးထိနန်းတော်တို့က ပါဝင်ကူညီပေးထားကြတာ ဖြစ်ပါတယ်။

play

 

ချစ်စနိုးဦးဟာ အနုပညာလောကမှာ ပရိသတ်အားပေးမှုနဲ့ နေရာတစ်နေရာ ရရှိထားသူ တစ်ဦးဖြစ်ပြီး အနုပညာသက်တမ်း ကိုးနှစ်မှာ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆုကို ရရှိထားသူ တစ်ဦးဖြစ်ပါတယ်။ ဖခင်ရဲ့ ကျန်းမာရေးကြောင့် အနုပညာအလုပ်တွေကို နားထားတာရာကနေ အခုဆိုရင် အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်လာတာလည်း တွေ့ရပါတယ်။

Photo : ချစ်စနိုးဦး FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD