AD
AD
AD
Postby

 

၂၀၁၇ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရင်ဘက်ထဲကဓား ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီရရှိခဲ့တဲ့ အိန္ဒြာကျော်ဇင်က အပျော်ကြီး ပျော်လို့နေပါတယ်။ (၁၃)နှစ်ကြာမှ သူမလက်ထဲကို ပြန်လည်ရောက်ရှိလာ တဲ့ အကယ်ဒမီဆုတွက် သူမတင်မက ပရိသတ်များကလည်း အားလုံးပျော်နေကြပါတယ်။

play

 

အကယ်ဒမီဆုရှင် အိန္ဒြာကျော်ဇင်က အကယ်ဒမီပေးပွဲအပြီးမှာ ပြုလုပ်တဲ့ သူမရဲ့ ညစာစားပွဲမှာ အနုပညာမောင်နှမတွေနဲ့အတူကဲနေပါတယ်။

ညစာစားပွဲမှာ ပျော်နေတဲ့ သူမရဲ့ ဗီဒီယိုဖိုင်လေးကလည်း အွန်လိုင်းစာမျက်နှာပေါ်မှာ ပြန့်ခဲ့ပါတယ်။ အဲ့ဒီဗီဒီယိုဖိုင်လေးထဲမှာ အိန္ဒြာကျော်ဇင်နဲ့အတူ ဝတ်မှုံရွှေရည် Mဆိုင်းလုတို့ပါဝင်သလို သီချင်းဆိုရင်း ကနေတဲ့ ပုံရိပ်လေးတွေပါဝင်ခဲ့ပါတယ်။

play

 

အဲ့ဒီဗီဒီယိုဖိုင်လေးကိုတော့ ဇင်အောင်ရဲ့ ဖေ့စ်ဘွတ်မှာ တင်ခဲ့တာဖြစ်ပြီး မတ်လ(၂၄)ရက်နေ့ (၁)နာရီခွဲကျော်လောက်က တင်ခဲ့တဲ့ ဗီဒီယိုဖိုင်ဟာ မတ်တလ(၂၄)ရက်နေ့ နေ့လည်(၁)နာရီကျော်အတွင်းမှာ ကြည့်ရှုသူဦးလေး ငါးသိန်းကျော် ရှိသွားခဲ့ပါပြီ။

play

 

အိန္ဒြာကျော်ဇင်ဟာ ၁၉၉၆ တစ်ခုနှစ်ထဲမှာပဲ MISS KOKKINE & MISS CHRISTMAS ၂ဆုလုံး ရထားတဲ့ Miss တစ်ဦးဖြစ်ခဲ့ဖူးပါတယ်။ အိန္ဒြာကျော်ဇင်ဟာ အနုပညာလောကထဲမှာ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ဦးအဖြစ် ခိုင်မာစွာ ရပ်တည်နေနိုင်သူ တစ်ဦးဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာ "မျက်နှာများတဲ့မိုးကောင်းကင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားသူ တစ်ဦးဖြစ်ပါတယ်။

အိန္ဒြာကျော်ဇင်ဟာ သရုပ်ဆောင်ပြေတီဦးနဲ့ ၂၀၁၁ခုနှစ် ဇန်နဝါရီ ၁ရက်နေ့မှာ လက်ထပ်ခဲ့ပြီး ပြေသုဒြာနဲ့ ပြေဓီရဆိုတဲ့ ရင်သွေးလေး နှစ်ယောက်နဲ့ သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူ တစ်ဦးဖြစ်ပါတယ်။

Photo : ဇင်အောင် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD