AD
AD
AD
play

 

အကယ်ဒမီပေးပွဲမှာ ဝေဠုကျော်နဲ့ ခိုင်နှင်းဝေတို့ ပရဟိတသမားနှစ်ယောက် တွေ့ဆုံခဲ့ကြပါတယ်။ သူတို့နှစ်ယောက် တွေ့ဆုံပြီး စကားပြောနေတဲ့ ပုံလေးတွေကို Ye'MinZaw အကောင့်မှာ သူတို့နှစ်ဦးဘာတွေများ တိုင်ပင်နေကြလဲ ဆိုတဲ့ မေးခွန်းလေးတွေနဲ့အတူ တင်ခဲ့ပါတယ်။

အဲ့ဒီပုံလေးတွေခိုင်နှင်းဝေက သူမရဲ့ အကောင့်မှာ ပြန်ရှဲထားပြီး ယခုလို စာလေးကိုလည်း ရေးသားထားပါတယ်။

play

 

"ကျေးဇူးအများကြီးတင်ပါတယ်ရှင် ကျွန်မတို့ပရဟိတမောင်နှမ ဘာတွေပြောဖြစ်လဲဆိုတော့  ပရဟိတမောင်နှမတွေလက်တွဲပြီး ပရဟိတ လုပ်ငန်းတွေ အများကြီးကြိုးစားလုပ်ကိုင်ဖို့နဲ့ လိုအပ်တဲ့အကူညီတွေလဲ အပြန်အလှန်ပေးကြဖို့ပြောနေကြတာပါရှင့် အခုလို နွေးနွေးထွေးထွေး ကြိုဆိုတဲ့ ကိုကြီးဝေဠုကိုကျေးဇူးအများကြီးတင်ပါတယ်နော်" ရေးထားတာပါ။

play

 

ဝေဠုကျော်နဲ့  ခိုင်နှင်းဝေဟာ အနုပညာအလုပ်တွေလုပ်ရင်း ပရဟိတလုပ်ငန်းများကို အားတက်သရော လုပ်ကိုင်နေကြတဲ့ အနုပညာရှင် နှစ်ဦးဖြစ်ပါတယ်။

ဝေဠုကျော်ဟာ ၂၀၀၉ခုနှစ်ကစပြီး လူမှုအကျိုးပြုအလုပ်တွေကို လုပ်ကိုင်ဖို့ ဝဠုကျော် ဖောင်ဒေးရှင်းကို စပြီး တည်ထောင်ဖြစ်ခဲ့တာပါ။ ဝေဠုကျော်က တော့ အနုပညာအလုပ်တွေသာမက ပရဟိတအလုပ်တွေကိုပါ အားတတ်သရော ပါဝင်လှုပ်ရှားနေသူ တစ်ဦး ဖြစ်ပါတယ်။

play

 

ရခိုင်အရေးကိစ္စမှာလည်း ပါဝင်လှုပ်ရှားခဲ့သလို ယခုထက်တိုင် မောင်တောဘက်မှာ လိုအပ်တာတွေကို ကူညီလုပ်ကိုင် ပေးလျက်ရှိပါ တယ်။ ထို့အပြင် ၂၀၁၆ ခုနှစ်ရဲ့ တစ်နှစ်တာအတွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့ စစ်ဘေး၊မီးဘေး၊ရေဘေး၊မြေပြိုမှုတွေမှာ အလျင်အမြန်အကူ အညီပေးနိုင်သူ  တစ်ဦးဖြစ်တဲ့ ဝေဠုကျော်ကတော့ 7Day News Journal ရဲ့ သူရဲကောင်းဆုကို ရရှိခဲ့ပါတယ်။၂၀၁၇ခုနှစ် ဒီဇင်ဘာ(၁၅) ရက်နေ့ကလည်း ဝေဠုကျော်ဟာ ရခိုင်ပြည်နယ်နဲ့ ရခိုင်အကျိုးစီးပွားကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့တဲ့ အတွက် ရခိုင်ဂုဏ်ဆောင်ဆုကို ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။

ပရဟိတလုပ်ငန်းများကို စိတ်ရောကိုယ်ပါနှစ်ပြီး လုပ်ကိုင်နေတဲ့ ဝေဠုကျော်နဲ့ သူတည်ထောင်ထားတဲ့ ဖောင်ဒေးရှင်းကတော့ အခက်အခဲတွေ့ နေသူပြည်သူများအတွက် အားဆေးတစ်ခွက်လို့ဆိုရမှာပါ။

play

 

ခိုင်နှင်းဝေဟာ ကလေးသူငယ် လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ အထူးသံတမန် ခန့်အပ်ခြင်း ခံရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး သံတမန်အဖြစ် ခန့်အပ်ခြင်း ခံရပြီး နောက်ပိုင်းမှာလည်း အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် သူမတတ်စွမ်းသလောက် အားတက်သရော ပါဝင် ကူညီဆောင်ရွက် ပေးသူ တစ်ဦးလည်းဖြစ်ပါတယ်။

ပရဟိတအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်နေတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေက သက်ငယ်မုဒိမ်းမှုတွေ ပပျောက်ဖို့ အစွမ်းကုန် ဆောင်ရွက်သွားမယ်လို့ သံန္တွိဋ္ဌာန်ချထားသူတစ်ဦးလည်း ဖြစ်ပါတယ်။

Photo : ခိုင်နှင်းဝေ FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD