AD
AD
AD
play

 

အကယ်ဒမီ နေတိုးရဲ့ အကယ်ဒမီညစာစားပွဲမှာ နေတိုးနဲ့ ဝတ်မှုံရွှေရည်တို့ သီချင်းအတူတူတွဲပြီး ဆိုထားတဲ့ ဗီဒီယိုလေးက ပရိသတ်တွေကြား ရေပန်းစားလို့နေပါတယ်။

နေတိုးနဲ့အတူ "ကိုကြီးကိုကြီး" သီချင်းကို အတွဲညီညီ သီဆိုခဲ့တာပါ။ နေတိုးနဲ့ ဝတ်မှုံရွှေရည်တို့ အဲ့ဒီသီချင်းလေးကို ဆိုနေချိန်မှာ ဒါရိုက်တာ သားညီက သူ့ရဲ့ ဖေ့စ်ဘွတ်ကနေ Live လွှင့်ခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို တော်တော့်ကို ရရှိခဲ့ပါတယ်။

Postby

 

အဲ့ဒီဗီဒီယိုဖိုင်လေးမှာ ဝတ်မှုံရွှေရည်က သီချင်းဆိုလို့ ပြီးတဲ့အချိန်မှာ ကိုကြီး အကယ်ဒမီတွေ ဒီထက်အများကြီး ရပါစေလို့ ဆုတောင်းပေးခဲ့သလို နေတိုးကလည်း ကျေးဇူးတင်ပါတယ်ညီမလေးဆိုပြီး ပြန်လည်ဖြေဆိုခဲ့ပါတယ်။သူတို့နှစ်ယောက်ရဲ့ သီဆိုမှုကတော့ သူငယ်ချင်းအပေါင်းအသင်းတွေသာမက ပရိသတ်တွေကိုပါ ကြိုက်နှစ်သက်ခဲ့ကြပါတယ်။ ဝတ်မှုံရွှေရည်က ပွဲတိုင်းကျော်ဖြစ်လို့နေပါတယ်။

play

 

အိန္ဒြာကျော်ဇင်ရဲ့ အကယ်ဒမီညစာစားပွဲနေ့ကတည်း အိန္ဒြာကျော်ဇင်နဲ့ M ဆိုင်းလူတို့နဲ့အတူ သီချင်းပြီး ကနေတဲ့ ဗီဒီယိုဖိုင်လေးဟာလည်း ပရိသတ်တွေတော်တော်များများ အားပေးတဲ့ဗီဒီယိုဖိုင်လေးတစ်ခုဖြစ်ခဲ့ပါတယ်။

အဲ့ဒီဗီဒီယိုဖိုင်လေးဆိုရင် (၂၄)နာရီအတွင်း ကြည့်ရှုသူ ငါးသိန်းကျော်လောက် ရှိခဲ့ပါတယ်။ အခုလည်း နေတိုးနဲ့ ဝတ်မှုံရွှေရည်တို့အတူ သီချင်းဆိုနေတဲ့ ဗီဒီယိုဖိုင်လည်း ပရိသတ်တွေကြားတော်တော်ရေပန်းစားလျက်ရှိပါတယ်။

play

နေတိုးရဲ့ အကယ်ဒမီ ညစာစားပွဲကို သူငယ်ချင်းအပေါင်းအသင်းတွေနဲ့အတူ မတ်လ(၂၅)ရက်နေ့ တော်ဝင်ဂါးဒင်း ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

နေတိုးကတော့ ၁၉၈၁ခုနှစ် စက်တင်ဘာ(၉)ရက်နေ့က မွေးခဲ့သူ တစ်ဦးဖြစ်ပြီး ရခိုင်တိုင်းရင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။ ၁၉၉၉ခုနှစ်မှာ YIIK modeling agency မှာ သင်တန်းတက်ရောက်ခဲ့ပြီး အဆိုပိုင်းနဲ့ ပတ်သက်ပြီး ဦးစောနုဆီမှာ သင်ယူခဲ့သူလည်း ဖြစ်ပါတယ်။

play

 

သရုပ်ဆောင်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ၂၀၀၁ခုနှစ်မှာ ခေါင်းဆောင်မင်းသားအနေနဲ့ ဗီဒီယိုဇာတ်ကားတွေ စတင်ရိုက်ကူးခဲ့ပါတယ်။ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ တစ်ယောက်ဖြစ်လာတဲ့ နေတိုးကတော့ ၂၀၀၉ခုနှစ်မှာ "မိုးညအိမ်မက်မြူ" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။ ၂၀၁၅ခုနှစ်မှာတော့ နက္ခတ်မှားတဲ့တိုက်ပွဲ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆုကို ရရှိခဲ့တာဖြစ်ပြီး ၂၀၁၇ခုနှစ်မှာလည်း "တာတေကြီး" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး  အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

ယခုနှစ်မှာ ရရှိခဲ့ အကယ်ဒမီရွှေစင်ရုပ်ထုမှ ရွှေကြယ်ကိုလည်း ဘုရားတစ်ဆူဆူမှာ လှူဒါန်းသွားမယ်လို့ သိရပါတယ်။
Photo :

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD