AD
AD
AD
play

 

ကြည့်ရှုသူ ငါးသိန်းကျော်သွားတဲ့ အိန္ဒြာကျော်ဇင်နဲ့ ဝတ်မှုံရွှေရည်တို့ ဗီဒီယိုဖိုင်

အိန္ဒြာကျော်ဇင်အတွက် ပြုလုပ်ပေးတဲ့ အကယ်ဒမီညစာစားပွဲမှာပျော်နေတဲ့ ဗီဒီယိုဖိုင်လေးက ပရိသတ်တွေကြားမှာ တော်တော့်ကို ရေပန်းစားသွားခဲ့တာပါ။ အဲ့ဒီဗီဒီယိုဖိုင်လေးထဲမှာ အိန္ဒြာကျော်ဇင်နဲ့အတူ ဝတ်မှုံရွှေရည် Mဆိုင်းလုတို့ပါဝင် သလို သီချင်းဆိုရင်း ကနေတဲ့ ပုံရိပ်လေးတွေပါဝင်ခဲ့ပါတယ်။

အဲ့ဒီဗီဒီယိုဖိုင်လေးကိုတော့ ဇင်အောင်ရဲ့ ဖေ့စ်ဘွတ်မှာ တင်ခဲ့တာဖြစ်ပြီး မတ်လ(၂၄)ရက်နေ့ (၁)နာရီခွဲကျော်လောက်က တင်ခဲ့တဲ့ ဗီဒီယိုဖိုင်ဟာ မတ်တလ(၂၄)ရက်နေ့ နေ့လည်(၁)နာရီကျော်အတွင်းမှာ ကြည့်ရှုသူဦးလေး ငါးသိန်းကျော် ရှိသွားခဲ့ပါပြီ။ အခုဆိုရင် (မတ်လ၂၆)ရက်နေ့အထိ ကြည့်ရှုသူဦးရေဟာ နှစ်သန်းကျော်သွားခဲ့ပါပြီ။

play

 

အကယ်ဒမီပွဲတက်ပြင်ဆင်ပုံဗီဒီယို တင်လိုက်တဲ့ ရွှေမှုံရတီ

အကယ်ဒမီပေးပွဲနေ့က တင်လိုက်တဲ့ ရွှေမှုံရဲ့ ဗီဒီယိုလေးပါ။အဲ့ဒီဗီဒီယိုလေးထဲမှာ သူမ မနက်အိပ်ယာနိုးတာကနေ အကယ်ဒမီပေးပွဲ သွားဖို့ ပြင်ဆင်နေပုံလေးတွေကို ဗီဒီယိုရိုက်ကူးထားတာဖြစ်ပါတယ်။ အဲ့ဒီဗီဒီယိုလေးနောက်ဆုံးမှာတော့ အကယ်ဒမီပွဲတက်ဝတ်စုံလေးဝတ်ပြီးကားနဲ့ ထွက်သွားတဲ့ ပုံစံလေးအထိကို ရိုက်ကူးထားတာပါ။

play

 

အကယ်ဒမီစင်မြင့်ထက်မှာ ပြောခဲ့တဲ့ စကားကို ပြန်ဖြေရှင်းလိုက်တဲ့ စင်ရော်မောင်မောင်

အကယ်ဒမီစင်မြင့်ထက်မှာ "ကျွန်တော်တောသားပါ" ဆိုတဲ့ စကားဟာ  ပရိသတ်တွေကြားထဲ လူမှုကွန်ယက် စာမျက်နှာပေါ် မှာ တော်တော့်ကို ဝေဖန်ခံနေရတဲ့ စကားတစ်ခွန်းလည်း ဖြစ်ပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး စင်ရော်မောင်မောင်ဟာ သူ့ရဲ့ ဖေ့စ်ဘွတ်ကနေ ယခုလို ရေးသားပြောပြထားပါတယ်။

play

 

၁၆ နှစ်နဲ့ မင်းသမီးဖြစ်လာတဲ့ ဝါဝါဝင်းရွှေရဲ့ မြေးမလေး ဝါရွှေနွယ်သွေးဝင်း

တစ်ခေတ်တစ်ခါက အရမ်းကိုလှပချောမောလွန်းတဲ့ မင်းသမီးကြီးဝါဝါဝင်းရွှေရဲ့ မြေးမချောချောလေးကတော့ အဖွားရိုက်ကူးတဲ့ ဇာတ်လမ်းထဲမှာ ဝင်ပြီးသရုပ်ဆောင်နေပြီပဲဖြစ်ပါတယ်။

အဖွားမျိုးရိုးလိုက်တာကြောင့် အနုပညာမှာ ဝါသနာပါပြီး အဖွားရဲ့ သင်ပြမှုတွေကြောင့်ပဲ မျိုးဆက်သစ်လေး အောင်မြင်ဦးမယ်ဆိုတာ ပရိသတ်ကြီးတွေအတွက် ရင်ခုန်စရာပါပဲ။ သားအချစ်မြေးအနှစ်ဆိုတဲ့ အတိုင်း အဖွားဖြစ်သူ ဝါဝါဝင်းရွှေ ဆိုတာလည်း ရိုက်ကွင်းမှာ သည်းသည်းလှုပ်ကို မြေးလေးကို ဂရုစိုက်ပေးနေတာကိုလည်းတွေ့ရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD