AD
AD
AD
play

 

ဒါရိုက်တာ ကိုပေါက်ရဲ့ ဖေ့စ်ဘွတ်က မတ်လ(၂၆)ရက်နေ့ ညပိုင်းက 9MC ရဲ့ ထိန်းချုပ်မှုထဲ ရောက်ရှိလို့သွားပါပြီ။ မတ်(၂၆) ရက်နေ့ (၈)နာရီကျော်လောက်မှာ ကိုပေါက် ဖေ့စ်ဘွတ်ရဲ့ ပရိုဖိုင်ဟာ 9MC ပုံစံဖြစ်သွားခဲ့တာဖြစ်ပါတယ်။

ကိုပေါက်အကောင့်ကို 9MC ရဲ့ ထိန်းသိမ်းပြီး နောက်ပိုင်းမှာတော့ အနုပညာရှင်များ ဖွဲ့စည်းထားတဲ့ Actor& Actress ဂရုထဲက Screen Shot များ ထပ်မံပေါ်ထွက်လာခဲ့ပါတယ်။

play

 

အဲ့ဒီ Screen Shot တွေကို ကိုပေါက်ရဲ့ အကောင့်မှာ တင်ခဲ့တာပါ။Screen Shot တွေနဲ့အတူ ယခုလိုစာသားကိုလည်း ရေးသားထားတာတွေ့ရပါတယ်။

"Group Chat ကိစ္စတွေ အပြင်ထွက်လာလို့ ကြောက်ကုန်ကြတဲ့ အနုပညာရှင်တွေ 9MC မှ ပရိသတ်များထံ ချပြပီနော်

Control By  9MC" ဆိုပြိး ရေးသားထားတာပါ။

play

 

Group Chat ထဲမှာ ပါဝင်တဲ့ အနုပညာရှင်တချို့က အရင်က ပြောထားတဲ့ စာတွေ အပြင်မှာပြန့်သွားတာနဲ့ ပတ်သက်ပြီး စိုးရိမ်နေကြတာကို တွေ့ရမှာပါ။ ပရိသတ်တွေက အဲ့ဒီ Screen Shot တွေ တွေ့ရပြီးနောက်ပိုင်း ဝေဖန်မှုတွေ ပိုဆိုးလာခဲ့ပါတယ်။

9MC အနေနဲ့ နောက်ထပ်အနုပညာရှင်များရဲ့ အကောင့်များကို ထိန်းသိမ်းသွားဦးမှာ ဖြစ်တယ်လို့လည်း ပြောထားပါတယ်။ မကြာခင်မှာ လည်း 9MC ကနေ ဒါရိုက်တာ ကိုပေါက်ရဲ့ ဖေ့စ်ဘွတ် အကောင့်ကို ပြန်ပေးသွားမှာဖြစ်တယ်လို့ ရေးထားပါသေးတယ်။

play

 

"ပြန်ယူဖို့ မကြိုးစား တဲ့ ဒါရိုက်တာ ကိုပေါက် အကောင့် ကို 9MC မှ ပြန်လည်း ပေးအပ်သွားမယ်။ 9MC ပုံချိန်းပီး အနုပညာရှင် အကောင့်တွေ ပြန်ယူဖို့ ကြိုးစားရင် ငါတို့ ပြန်ပေးမှာ မဟုတ်ဘူး 9MC" ဆိုပြီး ပြောထားပါတယ်။

၂၀၁၇ခုနှစ်အတွက်ကျင်းပပြုလုပ်တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ပြီးဆုံးသွားခဲ့တဲ့ နောက်ပိုင်း အကယ်ဒမီဂယက်ထက် Group Chat ဂယက်က ပိုပြီး ကြီးထွားခဲ့ပါတယ်။

play

 

အဆိုပါ Group Chat ဂယက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းရုံး ဥက္ကဌ ဦးဇင်ဝိုင်းက မတ်လ(၂၆) ရက်နေ့ နေ့လည်က ရုပ်ရှင်အစည်းအရုံးမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲလည်း အားလုံးရဲ့ ကိုယ်စား ဥက္ကဌ ဦးဇင်ဝိုင်းက နစ်နာသူတွေအတွက် တောင်းပန်ခဲ့ပါသေးတယ်။

Photo : ကိုပေါက် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD