AD
AD
AD
play

 

သရုပ်ဆောင် အဆိုတော် နန်းဆုရတီစိုးက ယခုလက်ရှိမှာ ဖျော်ဖြေရေးပွဲတွေ ဆက်တိုက်သလို သွားဖြစ်နေတာကို တွေ့ရပါတယ်။ လက်ရှိမှာလည်း မြစ်ကြီးနားမှာ သီချင်းသွားဆိုနေတယ်လို့ သိရပါတယ်။

နန်းဆုရတီစိုးက သူမရဲ့ ဖေ့စ်ဘွတ်မှာ လွန်ခဲ့တဲ့ မိနစ်ပိုင်းက ပုံအသစ်လေးတွေကို တင်ထားတာ တွေ့ရပါတယ်။ သူမတင်ထားတဲ့ ပုံလေးတွေကို ညနေဆည်းဆာ နေဝင်နေတဲ့အလှနဲ့အတူ ရိုက်ထားတဲ့ ပုံလေးတွေဖြစ်ပါတယ်။

play

 

ပုံလေးတွေတင်ရင်းနဲ့ ယခုလို စာသားလေးကိုလည်း ရေးသားထားတာတွေ့ရပါတယ်။

"မြစ်ဆုံ က နေဝင်ချိန် ကို ကြည့်ဖို့ အပြေးအလွှားလေးသွားခဲ့တယ်"ဆိုပြီး ပြောထားတာပါ။

မြစ်ကြီးနားမှာ သီချင်းသွားဆိုနေတဲ့ နန်းဆုက မတ်လ(၂၇)ရက်နေ့ညနေမှာ ရန်ကုန်ကို ပြန်ရောက်မယ်လို့ သိရပါတယ်။ ကြော်ငြာ ရိုက်ကွင်းတစ်ခုချိတ်ထားတာကြောင့် ဒီနေ့ညနေမှာ ရန်ကုန်ကို အမီပြန်လာမှာ ဖြစ်ပါတယ်။

play

 

နန်းဆုကတော့ လက်ရှိမှာ ဖျော်ဖြေပွဲတွေ သွားနေရပြီး သီချင်းသစ်တွေ ဖန်တီးနေတယ်လို့လည်း သိရပါတယ်။ သူမရဲ့ ရူးအောင်ချစ်ရသူ သီချင်းလေးကလည်း ပရိသတ်တွေကြား အောင်မြင်ခဲ့တဲ့ သီချင်းလေး တစ်ပုဒ်ဖြစ်လို့လည်း သူမအနေနဲ့ ဝမ်းသာလို့ နေပါတယ်။

Photo : နန်းဆုရတီစိုး

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD