AD
AD
AD
play

 

သရုပ်ဆောင် နန္ဒီဝင့်နိုင်က မကြာခင်မှာ အိမ်ထောင်ပြုတော့မယ်လို့ သိရပါတယ်။ ချစ်သူက အနုပညာလောကထဲက မဟုတ်ပါဘူးတဲ့။  မင်္ဂလာပွဲကို လာမယ့် သီတင်းကျွတ်မှာ ကျင်းပဖို့အတွက် စီစဉ်နေတယ်လို့ Duwun Media ကို ယခုလို ပြောပြခဲ့ပါတယ်။

play

 

"သီတင်းကျွတ်လောက် ကျင်းပမှာပါ။ သူက အနုပညာလောကကတော့ မဟုတ်ပါဘူး။လက်ထပ်ဖို့ဆိုတာ အသက်အရွယ် လည်း ရလာပြီဆိုတော့ အိမ်ထောင်ပြုဖို့ စီစဉ်လိုက်တာပါ။ ချစ်သူသက်တမ်းကတော့ အရမ်းမကြာသေးပါဘူး။ သူနဲ့ ပွဲတွေမှာ တွေ့ဖြစ်တာပါ။ သူရဲ့ စိတ်နေစိတ်ထားလေးလည်း ကြိုက်တယ်။ ကိုယ်ကလည်း ချစ်တယ်ပေါ့။ အဲ့ဒါကြောင့်ပါ။ ချစ်သူကမန္တလေးပါ။ မင်္ဂလာပွဲကျင်းပဖို့ကတော့ နေရာမရွေးရသေးပါဘူး။ အလုပ်တွေများနေတာကြောင့် ပွဲကျင်းပဖို့ နေရာက မစီစဉ်ရသေးတာပါဘူး။ နေရာစီစဉ်လို့ သေချာပြီဆိုရင် ပြန်ပြောပေးပါ့မယ်နော်" လို့ ပြောပြခဲ့ပါတယ်။

play

 

သူမအနေနဲ့ အိမ်ထောင်ကျသွားပြီးနောက်ပိုင်းမှာလည်း အနုပညာအလုပ်တွေ ဆက်လုပ်နိုင်ဖို့အတွက် ကြိုးစားသွားမှာ ဖြစ်ပြီး ပရိသတ်တွေအနေနဲ့ အနုပညာအလုပ်တွေ မလုပ်တော့မှာကို စိတ်မပူပါနဲ့ဆိုပြိး ပြောပြခဲ့ပါတယ်။ အနုပညာ အလုပ်တွေကို အဆင်ပြေရင် ပြေသလို ဆက်ပြီး လုပ်ကိုင်သွားမှာပါလို့ သူမက ဖြေဆိုပေးခဲ့ပါတယ်။

play

 

နန္ဒီဝင့်နိုင်က ယခုနောက်ပိုင်းမှာ ဇာတ်ကားရိုက်ကူးထားတာထက် ဖျော်ဖြေပွဲတွေ သွားဖြစ်နေတာကို တွေ့ရပါတယ်။ သရုပ်ဆောင်ကော အဆိုပါ ကျွမ်းကျင်တဲ့ သူမဟာ ပရိသတ်များရဲ့ အားပေးမှုကို ရရှိနေတဲ့ သူလည်း ဖြစ်ပါတယ်။

Photo : နန္ဒီဝင့်နိုင် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD