AD
AD
AD
play

 

မြန်မာ့ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် သုံးပတ်တိုက်တိုင် ကျင်းပပြုလုပ်မယ့် ရွှေခေတ် လက်ဆင့်ကမ်းခြင်း ရတနာပုံရုပ်ရှင် အထူးပြပွဲကို ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ 

ယင်းရုပ်ရှင်ပွဲတော် ကို မတ်လ(၂၄) ရက်ကနေ ဧပြီလ(၂၀)ရက်နေ့အထိကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင် ရွှေခေတ်ဗဟိုပြု တင်ဆင်မှုများကို ပြတိုက်ဆန်ဆန်နဲ့ ခံစားရမယ့် ရုပ်ရှင်အထူးပြပွဲကို ရန်ကုန်မြို့ အတွင်းဝန်များရုံးတွင် ကျင်းပပြုလုပ်သွားမှာ  ဖြစ်ပါတယ်။

ရွှေခေတ်လက်ဆင့်ကမ်းခြင်း ရုပ်ရှင်ပွဲတော်ရဲ့ စနေ၊တနင်္ဂနွေ နေ့များမှာ ရတနာပုံ(၁၉၅၃)၊ ခြေဖဝါးတော်နုနု(၁၉၇၃)တို့နဲ့ သင်္ကြန်မိုး (၁၉၈၅) ဇာတ်ကားတို့ကို ရွေးချယ်ပြသသွားမှာ ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာရုပ်ရှင်ချစ် ပရိသတ်များရဲ့ အသည်းစွဲဖြစ်တဲ့ ဒါရိုက်တာများ၊ အနုပညာရှင်များ၊ ဂီတပညာရှင်များ၊ ကဗျာဆရာများနဲ့ တေးရေးဆရာများရဲ့ သမိုင်းဇာတ်ခံများ ပေါင်းစပ်ထားတဲ့ အနုပညာနဲ့ ယဉ်ကျေးမှုဆိုင်ရာ မြန်မာ့ရုပ်ရှင် ရွှေခေတ် ဗဟိုပြုတင် ဆက်မှုများကို ပြတိုက်ဆန်ဆန် ခံစားနိုင်မှာလည်း ဖြစ်ပါတယ်။

play

ဒါရိုက်တာ  ဦးတင်မေောင်ရဲ့ ရတနာပုံရုပ်ရှင်(၁၉၅၃)ပြသခြင်းနဲ့ ဂီတမိတ်က အနုပညာရှင်ကျောင်းသား၊ကျောင်းသူများက ရတနာပုံ သီချင်းအားဖျော်ဖြေခြင်းကို မတ်လ(၂၅) ရက်နေ့ကနေ (၃၁)ရက်နေ့အထိ မွန်းလွဲ(၂)နာရီမှာ ပြသသွားမှာ ဖြစ်ပြီး ဒါရိုက်တာ မောင်ဝဏ္ဏရဲ့ ခြေဖဝါးနုနု ရုပ်ရှင်ပြသခြင်းနဲ့ တေးသီချင်းများဖျော်ဖြေခြင်းကို ဧပြီ(၂)ရက်နေ့ကနေ ဧပြီ(၇) ရက်နေ့အထိနေ့လည်(၂)ရီမှာ ပြသမှာ ဖြစ်ပါတယ်။

ဒါရိုက်တ မောင်တင်ဦး ရိုက်ကူးထားတဲ့ သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကားပြသခြင်းနဲ့ သီချင်းများဖျော်ဖြေတင်ဆက်ခြင်းကို ဧပြီ(၉)ရက်နေ့ကနေ ဧပြီ(၁၂)ရက်နေ့ထိ နေ့လည်(၂)နာရီတို့မှာ ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD