AD
AD
AD
play

 

ROY ဈေးပွဲတော်မှာ အခြားအနုပညာရှင်တွေနဲ့အတူ ပရဟိတဈေးရောင်းပွဲတော်လေး လုပ်မှာဖြစ်တဲ့အကြောင်းနဲ့ ပရိသတ်တွေကို လာရောက်ဖို့ ဖိတ်ခေါ်ထားပါတယ်။

"ကဲကဲ အသုပ်စုံရမယ်,စားချင်တဲ့အသုပ်ကလေးတွေကို ကိုယ်တိုင်သုပ်ကျွေးမှာနော်.လျှာလည်သွားစေရမယ်..နက်ဖြန်လာအားပေးကြနော်..ရှယ်သုပ်ကျွေးမယ်..." လို့ ခိုင်နှင်းဝေက ပြောရင်း ဈေးရောင်းပွဲတော်အကြောင်း ပြောထားပါတယ်။

play

 

"ဒီပွဲလေးမှာ ခိုင်နှင်းဝေရဲ့ အရမ်းကောင်းတဲ့ လက်ရာ အသုပ်စုံ   

ဖူးပွင့်သခင်ရဲ့ ရူယ်အရသာ ကြက်သားပလာတာ   

ဟာသသရုပ်ဆောင်ကိုဘင်း ရဲ့ ဝက်သားဒုတ်ထိုး      

နှိုင်းယှဉ်မြင့်မိုရ်ရဲ့ အာပုံမုန့်      

ဆုပန်ထွာရဲ့ ဟမ်ဘာဂါ      

ပိုးမီရဲ့လျာလည်စေမယ့် မြန်မာမုန့် မျိုးစုံ   

ဂျင်းနီ ရောင်းမယ့် အရသာထူး မုန့်လုံးရေပေါ်❣❣

ထားထက်ထက်,ချမ်းမေမြတ်နိုး ရဲ့ ပဲများကြတဲ့ ကောင်မလေး ပဲမုန့်      

စိန်လင်း (aroma) ရဲ့ ရင်ကိုအေး စေမယ့် ရွှေရင်အေး

လှမျိုးသဉ္ဇာနွယ်ရဲ့ ရခိုင်မုန့်တီ      

တီတီဖူးစုံနှင့် မအခရာရဲ့ ငါးဖယ်အစာသွပ်      

ရိုတ ရဲ့ ချဉ်ချဉ်စပ်ပ်ရခိုင်သဘောင်္သီးထောင်း

တို့ကို ရောင်းချပြီး ရရှိငွေများကို လှူဒါန်းသွားမှာ ဖြစ်ပါတယ်  " လို့ ခိုင်နှင်းဝေက

ပြောထားပါတယ်။

play

 

သူတို့ရောင်းချမယ့်အချိန်ကတော့ ဒီနေ့ (ဧပြီလ ၁ ရက်နေ့) ညနေမှာ ဖြစ်ပါတယ်။

ROY ဈေးရောင်းပွဲတော်ကို မြန်မာပလာဇာမှာ မတ်လ ၃၀၊ ၃၁ နဲ့ ဧပြီလ ၁ ရက်အထိ

၃ ရက် ကျင်းပသွားမှာဖြစ်ပြီး နံနက် ၉ နာရီကနေ ည ၁၀ နာရီအထိ ပြုလုပ်နေတာဖြစ်ကြောင်း သိရပါတယ်။

Photos : Khine Hnin Wai

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD