AD
AD
AD
play

 

အဆိုတော် သရုပ်ဆောင် ချစ်သုဝေဟာ အလုပ်များတဲ့ကြားက ဇနီးတစ်ယောက်၊  မိခင်တစ်ယောက်အဖြစ် တာဝန်ကျေအောင်လည်း ကြိုးစားနေသူတစ်ယောက်ဖြစ်ပါတယ်။ အဲဒီအတွက် ဖြစ်ပေါ်လာတဲ့ သူမရဲ့ခံစားချက်တွေကိုလည်း အခုလို ဝေမျှထားပါတယ်။

play

 

"အရာရာ ဟန်ချက်ညီဖို့ကြိုးစားရတာမောတယ် မေ့ကလေးတွေ....မေ ဖမ်းဆုပ်ထားတဲ့အရာတွေရော,,စွန့်လွှတ်ခဲ့ရတဲ့အရာတွေရော အတွက် ခုလိုသမီးလေးတွေ ကျန်းမာပျော်ရွှင်ပြီးစိတ်ချမ်းမြေ့လုံခြုံနေကြတာ မြင်တာနဲ့တင် မေ က ကျေနပ်တယ်....သမီးလေးတွေ ကြီးပြင်းတဲ့နေ့ရက်အမှတ်တရတိုင်းမှာ မေ အတူရှိနေဖို့ စောက်ရှောက်ခွင့်ရဖို့က မေ့ တွက် အရေးကြီးဆုံး...(ခုတလော အလုပ်တွေက တောင်လိုပုံ   ..ကိုယ်တိုင်ချက်တာပဲကျွေးချင်တော့ ပြေးလွှားစီမံ...အမေရောအမရော ယောကျာ်းရော ကိုယ်မရှိတဲ့အချိန် အငြိမ်မနေရ  ...ဆရာမလေးကလည်းစိတ်ချရလို့ ကျေးဇူးတင်ရပါတယ်  ..ဒီလိုနဲ့ပဲ တစ်နေ့ပြီးတစ်နေ့ဖြတ်သန်းရမှာပဲ..)..."ဒီအပြုံးလေးတွေနဲ့ရှေ့ဆက်ရတာပ" လို့ သူမရဲ့ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။

play

 

အဲဒီစာလေးနဲ့အတူ ချစ်စရာကောင်းတဲ့ အမြွှာသမီးလေးနှစ်ယောက်ရဲ့ ပုံလေးတွေနဲ့ ဗီဒီယိုဖိုင်လေးတွေကိုလည်း တင်ထားပါသေးတယ်။

ခေတ်နဲ့ သစ်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သမီးလေးနှစ်ယောက်ဟာ မိဘတွေမပြောနဲ့ မြင်တဲ့သူတိုင်းက မချစ်ဘဲ မနေနိုင်လောက်အောင်ကို ချစ်စရာ ကောင်းလွန်းလှပါတယ်။

မေမေ ချစ်သုဝေက သမီးလေးတွေရဲ့ ပုံလေးတွေနဲ့ ဗီဒီယိုဖိုင်လေးတွေကို ဖေ့စ်ဘွတ်ကနေ ပရိသတ်တွေကို မျှဝေလေ့ရှိပြီး သူတို့ရဲ့ပုံလေးတွေ ၊ ဗီဒီယိုလေးတွေဟာ ကြည့်ရှူသူ အမြဲတမ်း ၁ သိန်းကျော် ရှိနေတတ်ကာ Share အရေအတွက် ထောင်ချီလို့ Like ဆိုရင်လည်း သောင်းနဲ့ချီ ရှိနေတာပါ။

play

 

လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ သမီးလေး နှစ်ယောက်ကို ဇန်နဝါရီ(၁၉)ရက်နေ့ နံနက်(၇)နာရီ (၄၄)မိနစ်အချိန်မှာ မွေးခဲ့တာပါ ပန်းလှိုင်ဆေးရုံမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

သမီးလေးတွေကို နာမည်လေးတွေကို မြန်မာဆန်ဆန်ပဲ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်လို့ အမည်ပေးထားပါတယ်။

Photos : ချစ်သုဝေ FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD