AD
AD
AD
play

 

အဆိုတော် ရွှေထူးက ရရင်ရသလို အချိန်တော်တော်ကြာ စုခဲ့တဲ့ စုဘူးလေးကို ဒီနေ့မှာ ဖောက်လိုက်ရပြီတဲ့။ ပရိသတ်တစ် ယောက်က ပေးတဲ့ စုဘူးလေးနဲ့ အချိန်တော်တော်ကြာ ပိုက်ဆံစုခဲ့ပါတယ်တဲ့။

ပိုက်ဆံ စုတဲ့အခါမှာလည်း တစ်ဝက်က မိခင်ဖို့ တစ်ဝက်က သူ့ဖို့ဆိုတဲ့ စိတ်လေးနဲ့စုခဲ့တာဆိုပြီး ပြောထားပါတယ်။

play

 

အချိန်တော်တော်ကြာ စုလို့ရတဲ့ပိုက်ဆံ (၂၇)သိန်းကို ကောင်းမှုကုသိုလ်တွေ ပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။ အဲ့ဒါကတော့ သူ့ရဲ့ ပိုက်ဆံတစ်ဝက်ကို မိခင်အတွက် ဘုရားစင်ဝယ်ပေးလိုက်သလို သူ့အတွက်က ဘိုးဘွားရိပ်သာမှာ သွားလှူမယ်ဆိုပြိး ရေးသားထားပါတယ်။

play

"ပရိသတ်တစ်ယောက်ကပေးတဲ့စုဘူးလေးကိုဒီနေ့ဖောက်လိုက်ရတယ်... တစ်ဝက်ကအမေ့ဖို့ တစ်ဝက်ကကျွန်တော့်ဖို့ဆို တဲ့စိတ်နဲ့ ရရင်ရသလိုလေး အချိန်တော်တော်ကြာစုခဲ့တယ်။ အမေ့အတွက်တော့ဘုရားစင်ဝယ်ပေးလိုက်တယ်။ ကျွန်တော့်အတွက်ကတော့ ဟိုတစ်ခါကျွန်တော် Share လိုက်တဲ့ဘိုးဘွားရိပ်သာမှာသွားလှူမယ်." ဆိုပြီး ပြောထားပါတယ်။

play

သူပိုက်ဆံစုတဲ့ အကြောင်းလေးကို ပြောပြထားရင်းနဲ့ သူ့ရဲ့ ပရိသတ်တွေကိုလည်း ပိုက်ဆံစုစေချင်တယ်ဆိုပြီး ရေးသားထားပါသေးတယ်။

"အားလုံးကိုလဲပိုက်ဆံစုစေချင်လို့ Share ပေးလိုက်တယ်နော်.။ ပိုက်ဆံစုပြီးကိုယ်ဖြစ်ချင်တာလေးတွေဖြစ်ပါစေ..ကိုယ်ဖြည့်ဆည်းပေးချင်တဲ့လူတွေအတွက်လည်းဖြည့်ဆည်းပေးနိုင်ပါစေ..။ အားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေ" ဆိုပြိး ပြောထားပါတယ်။ 

play

သူ့ရဲ့ ပရိသတ်တွေက သူပြောတဲ့ စကားကို နားထောင်ပြီး ပိုက်ဆံစုကြမယ်လို့ ပြောထားတဲ့ ကောမန့်တွေက သူတင်ထားတဲ့ ပို့စ်အောက်မှာ အပြည့်ပါပဲ။ရွှေထူးကတော့ အဆိုပိုင်းမှာသာမက သရုပ်ဆောင်ပိုင်းမှာလည်း ပရိသတ်များရဲ့ အားပေးမှု ရရှိထားသူပါ။

ရွှေထူးရဲ့ " I " Album  ပရိုမိုးရှင်းပွဲတွေကိုတော့ ရန်ကုန်နဲ့ မန္တလေးမှာ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။ ဝေဖန်မှုတွေ ရှိနေခဲ့ပေမယ့် လည်း ရွှေထူးရဲ့ အခွေပရိုမိုးရှင်းပွဲကတော့ ပရိသတ်အားပေးမှု တစ်ခဲနက် ရရှိခဲ့တာ တွေ့ရပါတယ်။ ပထမဆုံးတစ်ကိုယ်တော်အခွေဖြစ်တဲ့ စိတ်ကူးယဉ်စာအုပ် အခွေကလည်း အရမ်းကို အောင်မြင်ခဲ့ပါသေးတယ်။

Photo : ရွှေထူး FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD