AD
AD
AD
play

 

ဒီနေ့(ဧပြီ၃ရက်)က သရုပ်ဆောင် မယ်လိုဒီရဲ့ သားလေး သိဒ္ဓိစစ်ရဲ့ အသက်(၃)နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။ သားသားရဲ့ မွေးနေ့လေးမှာ ဆရာတော်ဘုရားကြိး ဒေါက်တာ နန္ဒမာလာဘိဝိသံဆီသို့ သွားရောက်ဖူးမျှော်ပြီး အလှူငွေ ဆယ်သိန်းကျပ် တိတိကို လှူဒါန်းခဲ့တယ်လို့ မေမေမယ်လိုဒီရဲ့ဖေ့စ်ဘွတ်မှာ ရေးသားထားတာ တွေ့ရပါတယ်။ 

play

 

သားလေးရဲ့ ကြော်ငြာရိုက်ကူးလို့ ရတဲ့ငွေထဲက လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

'မင်္ဂလာရှိသော မနက်ခင်းလေးမှာ သားသား သိဒ္ဓိစစ် အသက် ၃နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် သားသားရဲ့လုပ်အားခထဲမှ နဝကမ္မအလှူတော်ငွေ ဆယ်သိန်းကျပ်တိတိကို ဆရာတော်ဘုရားကြီးထံသို့ဆက်ကပ်လှူဒါန်းခဲ့ပါတယ်ရှင်။ အားလုးံ သက်ရှည် ကျန်းမာ စိတ်ချမ်းသာ ကောင်းကျိုး လိုရာဆန္ဒ ပြည့်စုံ ကြပါစေရှင်" ဆိုပြီး မယ်လိုဒီရဲ့ ပေ့ခ်ျမှာ ပြောထားပါတယ်။

play

 

မယ်လိုဒီရဲ့ သားလေးဟာ ပရိသတ်တွေရဲ့ အချစ်ကို ခံနေရတဲ့ ကလေးလေးတစ်ယောက်လည်း ဖြစ်ပါတယ်။ မယ်လိုဒီဟာ သားလေးနဲ့ ပတ်သက်ပြီး သူမရဲ့ ခံစားချက်ကို Duwun Media ကိုဖြေဆိုပေးဖူးခဲ့သလို သားလေးကို သာသနာ့ဘောင်ထဲ ဝင်စေချင်တယ်ဆိုပြီးတော့လည်း ပြောပြဖူးခဲ့ပါသေးတယ်။

'အစ်မကတော့ သားကို သာသနာ့ဘောင်ထဲမှာပဲနေစေချင်တယ်။ဒါနှမြောလို့မဟုတ်ပါဘူး အကြောင်းပြချက် ရှိပါတယ်။ အစ်မတို့ ပုထုဇဉ်လူသားတွေက ကောင်းကောင်းစားဖို့၊ ကောင်းကောင်းနေဖို့ကို ကောင်းကောင်းသုံး စွဲဖို့ဆိုတဲ့ လိုချင်လောဘတွေရှိတယ်။ အဲ့ဒီအတွက် အစ်မတို့ကလည်း ကြိုးစားပြီးတော့ရုန်းကန်ရတယ်။ ပြီးတော့ အချစ်ပေါ့နော် ၁၅၀၀ ပဲဖြစ်ဖြစ်၊ ၅၂၈ ပဲဖြစ်ဖြစ် ပူလောင် ပါတယ်။ သားကိုကျတော့ သာသနာ့ဘောင်ထဲမှာနေတဲ့ အခါကျတော့ သူသည်လည်း အေးချမ်းတဲ့ တရားဘာဝနာ ပွားများ ရင်း နဲ့ ဒါကိုလည်း သူပြန်မျှဝေလို့ရတယ်ပေါ့နော်။ သူကိုယ်တိုင်လည်း အေးချမ်းမယ်၊ သူမျှဝေတဲ့ တရားဘာဝနာကို နားထောင်တဲ့သူလည်း အေးချမ်းမယ်ပေါ့နော်။ ဒါကြောင့် အစ်မကတော့ သူ့ကိုသာသနာ့ဘောင်ထဲနေစေချင်တာပါ'' လို့ သူက ဆိုပါတယ်။

play

 

ဘုရား၊တရားလည်းကိုင်းရှိုင်းတယ်ဆိုတဲ့ သားလေးရဲ့ အပေါ်ထားရှိတဲ့ မယ်လိုဒီရဲ့ ဆန္ဒလေးကိုလည်း အခုလိုသိခွင့်ရခဲ့ပါ တယ်။''ဘုရား တရားကတော့ အိမ်မှာလုပ်နေကြအတိုင်းမြဲတယ် ညအိပ်ရင်ဘုရားရှိခိုးရမှန်းလည်း သူသိတယ်၊ မနက်မိုးလင်း လို့ ဘုရားရှိခိုးရမှန်းလည်းသူသိတယ်။ အဓိက ကတော့ လိမ္မာရေးခြားရှိပြီးတော့ ကိုယ်ချင်းစာတရားရှိတဲ့ လူတစ်ယောက် ယောင်္ကျား သားတစ်ယောက် ဖြစ်အောင်ပြုစုပျိုးထောင်ပေးရမှာပေါ့ အစ်မ အဲ့ဒီလိုပဲ စိတ်ကူးထားပါတယ်။'' လို့ပြောပြခဲ့ပါတယ်။

play

 

သရုပ်ဆောင်မယ်လိုဒီနဲ့ သူ့ရဲ့ သားလေး သိဒ္ဓိစစ်တို့ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ဓာတ်ပုံလေးတွေကို လူမှုကွန်ယက်စာ မျက်နှာ ပေါ်မှာ မကြာခဏဆိုသလို တင်လေ့ရှိပြီး မယ်လိုဒီကိုချစ်တဲ့ ပရိသတ်တွေကလည်း သားလေးသိဒ္ဒိစစ်အပေါ် အချစ်တွေပိုခဲ့ ရပါသေးတယ်။ မယ်လိုဒီကတော့ အခုလက်ရှိမှာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း လက်ခံရိုက်ကူး နေပြီဖြစ်တယ်လို့ သိရပါတယ်။

Photo: မယ်လိုဒီဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD