AD
AD
AD
play

 

ဧပြီလ(၁၀)ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် Sai Sai Birthday Show မှာ ဆိုဖို့ သီချင်းတွေကို ရွေးခိုင်းလိုက်တာပါ။ နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့တဲ့ စိုင်းစိုင်းမွေးနေ့ရှိုးက ဒီနှစ်မှာလည်း အစဉ်လာမပျက် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဧပြီ(၁၀)ရက်နေ့ ရန်ကုန်မှာ  ကျင်းပပြုလုပ်မယ့် စိုင်းစိုင်းရဲ့ မွေးနေ့ရှိုးမှစိုင်းစိုင်းတစ်ယောက် ဘယ်သီချင်းတွေ ဆိုရမလဲဆိုပြီး ရွေးရခတ်နေပါတယ်။

play

 

"တချို့က သီချင်းအဟောင်းတွေ ဆိုစေချင်ပါတယ်။ တချို့က သီချင်းအသစ်တွေ ဆိုစေချင်ပါတယ် ။ တခါတလေမှ လာကြည့်တဲ့ပရိသတ်တွေအတွက် ဆိုနေကျ သီချင်းတွေလည်းဆိုချင်တယ် ။ အမြဲလာနေကျပရိသတ်တွေအတွက် မဆိုတာကြာနေတဲ့ သီချင်းတွေလည်း ဆိုချင်တယ် ။ ဘယ်သီချင်းတွေကို အဓိကပါဝင်စေချင်ပါသလဲ

#SaiSaiBirthdayShow2018" ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ ရေးသားထားတာ တွေ့ရပါတယ်။

ဧပြီလ(၁၀)ရက်နေ့မှာ မွေးဖွားခဲ့တဲ့ စိုင်းစိုင်းက မကြာခင်ကျရောက်မယ့် သူ့ရဲ့ မွေးနေ့ဟာ အသက်(၃၉)နှစ်ပြည့် မွေးနေ့လည်း ဖြစ်ပါတယ်။

play

 

စိုင်းစိုင်းက Birthday Show ကို ရန်ကုန်မှာ ပြုလုပ်ပေးသွားဖြစ်သလို Frenzo Show အနေနဲ့လည်း မန္တလေးမှာ ကျင်းပသွားဦးမှာ ဖြစ်ပါတယ်။

'' မန္တလေးမှာ Show မဆိုဖြစ်တာ တစ်နှစ်တိတိရှိသွားပါပြီ။ ကျွန်တော်တစ်ယောက်တည်းမဟုတ်ပဲနဲ့ ကျွန်တော့်ရဲ့ Frenzo Artis တွေ၊ သူငယ်ချင်းတွေဖြစ်တဲ့ Snare အဖွဲ့၊ G Fatt ၊Bunny Phyo စတဲ့အဆိုတော်တွေကလည်း မန္တလေးမှာ သီချင်းမဆိုဖြစ်တာကြာပါပြီ။ အဲ့ဒီအတွက် မန္တလေးမှာ Frenzo Show ကို လာမယ့် မတ်လ ၃၀ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ မန္တလေးမြို့က Golden Hotel မှာ Frenzo Show မှာ စိုင်းစိုင်းခမ်းလှိုင်၊ Bunny Phyo ၊ Snare ၊ G Fatt အစရှိတဲ့ အဆိုတော်တွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပသွားမယ်'' လို့ သူက Duwun Media ကို ဖြေဆိုပေးခဲ့ပါသေးတယ်။

play

 

စိုင်းစိုင်းခမ်းလှိုင်(Sai Sai Kham Leng) ဟာ ၁၉၇၉ခုနှစ် ဧပရယ်မှာ မွေးဖွားခဲ့သူတစ်ဦး ဖြစ်ပြီး ယခုအချိန်မှာတော့ ပရိသတ်အခိုင်အမာရရှိထားတဲ့ အဆိုတော်နဲ့ သရုပ်ဆောင်တစ်ဦးဖြစ်လို့ နေပါပြီ ။ စိုင်းစိုင်းခမ်းလှိုင်ဟာ ၂၀၀၀ခုနှစ်မှာ ချောကလက်ရောင်ရေခဲအိမ်မက် တေးစီးရီးကို ထွက်ရှိခဲ့ကာ ၂၀၀၁ ခုနှစ်မှာ သူငယ်ချင်းများစွာအခွေ၊ ၂၀၀၃ ခုနှစ်မှာ ဖေဖော်ဝါရီ မှတ်တမ်း၊ ၂၀၀၄ ခုနှစ်မှာ Sai Sai Live Show နဲ့ ၂၀၀၅ခုနှစ်မှာ စိုင်းစိုင်းဟုခေါ်သည်၊ ၂၀၀၇ခုနှစ်မှာ Sai Sai Birthday ၊ 2009ခုနှစ်မှာ Ever ဂေါ်လီ၊ ၂၀၁၂ခုနှစ်မှာ ဒိတ်ဒိတ်ကျဲ စတဲ့ တေးစီးရီးများနဲ့ အတွဲခွေများစွာမှာလည်း ပါဝင်သီဆိုထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။ 
သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာ အာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။

Photo : Sai Sai FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD