AD
AD
AD
play

 

မိခင်ဖြစ်သူ ကျန်းမာရေး မကောင်းတာကြောင့် သရုပ်ဆောင် ခင်ဇာခြည်ကျော် အရိပ်တကြည့်ကြည့်နဲ့ ပြုစုစောင့်ရှောက် ပေးနေရတယ်လို့ သိရပါတယ်။

အနုပညာအလုပ်တွေလုပ်ရင်းနဲ့ မိခင်ကို ပြုစုပေးနေတဲ့ သူမအတွက်   ပရိသတ်ကလည်း အားပေးထားကြပါသေးတယ်။

play

 

"မေ မေ ကို ဆေးရုံ မှာ နေ့ တိုင်း ထမင်း ကျွေး  ဆေးတိုက် ရတယ် .. မေ မေ က သမီး ကျွေး မှ စား တယ်... ကိုယ် တိုင် လည်း အစား မစား နိုင် သေး ဘူး..!!.မေ မေ ဒီ နေ့ တော့ နည်း နည်း သက်သာ လို့ တော်သေးတာ ပေါ့ ..လမ်းတော့ မ လျှောက် နိုင် သေးဘူး။ မေ မေ အမြန် ဆုံး ကျန်းမာ ပါ စေ" ဆိုပြီးသူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ တွေ့ရပါတယ်။

play

 

ပရိသတ်တွေကလည်း ခင်ဇာခြည်ကျော်ရဲ့ မိခင်ကျန်းမာအတွက် ဆုတောင်းပေးထားကြသလို ခင်ဇာခြည်ကျော်အတွက် လည်း အားပေးစကားတွေ ပြောပေးထားကြပါတယ်။ 

အခုလက်ရှိအချိန်မှာတော့ မိခင်ဖြစ်သူကို ရွှေဂုံတိုင်မှာရှိတဲ့ SSC ဆေးရုံမှာ တင်ထားတယ်လို့ သိရပါတယ်။ မိခင်ရဲ့ ကျန်းမာရေးကြောင့် ခင်ဇာခြည်ကျော်ရဲ့ အနုပညာအလုပ်တွေကိုလည်း နားထားတယ်လို့ သိရပါတယ်။

play

 

သရုပ်ဆောင် ခင်ဇာခြည်ကျော်ကတော့ မေမြို့မှာ ဇာတ်လမ်းတွဲ ရိုက်ကူးခဲ့ပါသေးတယ်။အဲ့ဒီဇာတ်ကားကတော့ "နေရယ်လရယ်အမှန်တရားရယ်"ဆိုတဲ့ ဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီဇာတ်လမ်းတွဲကို ဒါရိုက်တာ အောင်ကိုလတ်က ရိုက်ကူးနေတာ ဖြစ်ပြီး ညီနန္ဒ၊ မိုးယံဇွန်၊ ဘုဏ်းသိုက်၊ နေယံ၊ ဆုပန်ထွာ၊ ခင်ဇာခြည်ကျော်၊ ပွင့်နဒီမောင် နှင့် အခြားအနုပညာရှင်များစွာ ပါဝင်ထားတယ်လို့ သိရပါတယ် ။

Photo : ခင်ဇာခြည်ကျော် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD