AD
AD
AD
play

 

သက်မွန်မြင့်ရဲ့ သားလေး အားချစ်က အခုဆိုရင် ကျောင်းစတက်နေပြီလို့ သိရပါတယ်။ သားလေးအားချစ်ဟာ ငယ်စဉ်ကတည်းက လူအရမ်းကြောက်တတ်တာကြောင့် ယခုလို ကျောင်းစတက်တဲ့အရွယ်မှာ ကျောင်းပို့ရတဲ့ အတွေ့အကြုံလေးတွေကို သူမက Duwun Media ကိုပြောပြခဲ့တာ ဖြစ်ပါတယ်။

play

 

"သားသားက နဂိုကတည်းက လူကြောက်တယ်ပြောရမယ်။ လူတွေအများကြီးနဲ့ သူမနေတတ်ဘူး။ အမေကိုလည်း အရမ်းတွယ်တဲ့သူဆိုတော့ အမေကိုယ်တိုင် ကျောင်းပို့ပြီး တစ်စိမ်းတွေကြားထဲမှာ အမေက ထားခဲ့တယ်ဆိုတော့ သူက အဲ့ဒါကို ခံစားနေရတာ။ အစကတည်းကလည်း သားသားကို ကျောင်းပို့ကို ဖေကြီးနဲ့ညှိတယ်။ အဖေပြောတာဆို သားသားက လက်ခံတယ်။ အမေကျတော့သူက ချွဲတယ်။ ဖြစ်ချင်တော့ သူကို ကျောင်းအပ်မယ့်ရက်က သူနေမကောင်းဖြစ် တာတွေ ဘာတွေနဲ့ဆိုတော့ ကျောင်းအပ်ဖို့ နောက်ကျ ။ သူပြန်တက်မယ်ဆိုတော့ သူအဖေကမအားဖြစ်နေတော့ ကိုယ်က သွားအပ်လိုက်ရတာပေါ့။ အမေက သူဒီလောက် လူကြောက်တက်တာကို သူစိမ်းတွေလက်ထဲမှာ ထားခဲ့တယ်ဆိုတော့ သူမအရမ်းငိုတယ်။ ဆိုတော့ ကိုယ်လည်းစိတ်မကောင်းဖြစ်မိတယ်"လို့ ပြောပြခဲ့ပါတယ်။

play

သက်မွန်မြင့်ဟာ လက်ရှိမှာ မိသားစုကို အချိန်ပေးရင်း သူမချစ်တဲ့အ နုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိပါတယ်။ သက်မွန်မြင့်ဟာ ၂၀၁၄ခုနှစ် ဖေဖော်ဝါရီ(၁၄) ရက်နေ့က ကိုစစ်နိုင်နဲ့ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။

အခုဆိုရင် သက်မွန်မြင့်မှာ သားလေးအားချစ်နဲ့ သမီးလေး လဝန်းမေတို့နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။

play

 

သက်မွန်မြင့်ကတော့ သရုပ်ဆောင်လောကမှာ ပရိသတ်အားပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး ၂၀၁၂ခုနှစ်မှာ ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ " အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်" ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ဆုကို ရရှိထားသူ တစ်ဦး ဖြစ်သလို ၂၀၁၆ခုနှစ်က ကျင်းပခဲ့တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန် ဆုပေးပွဲမှာ "ချစ်လှစွာသောအမုန်း" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။

Photo : သက်မွန်မြင့် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD