AD
AD
AD
play

 

သရုပ်ဆောာင် သက်မွန်မြင့်က အောင်ပန်းမှာ စားကျက်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးနေတယ်လို့ သိရပါတယ်။ နွေရာသီ ရောက်နေပေမယ့်လည်း ချမ်းအေးလွန်းတာကြောင့် မီးပုံနားက မခွာရဲဘူးဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ ရေးသားထားတာတွေ့ရပါတယ်။

play

 

"အလာလားးးးးချမ်းလိုက်တာ

မီးပုံနားက ခွာရဲဘူး အပြုံးတော့ မပျက်ကြပါဘူး

ကိုယ်ဝါသနာပါရာ လုပ်နေရတာကိုး       

( စားကျက် ) မိုးလင်းရိုက်မယ်တဲ့ အူးးးးး" ဆိုပြီး ပြောထားပါတယ်။

သူမရဲ့ ပရိသတ်တွေက သူမကို နွေးနွေးထွေးထွေးဝတ်ဖို့နဲ့ နေကောင်းအောင်နေဖို့ သူမတင်ထားတဲ့ ပို့စ်အောက်လေး တွေ မှာ ကောမန့်လေးတွေ ရေးပြီး ပြောထားကြပါသေးတယ်။

play

 

စားကျက် ရုပ်ရှင်ဇာတ်ကားကြီးကို မတ်လ(၂၅) ရက်နေ့ကတည်းက စတင်ရိုက်ကူးနေတာ ဖြစ်ပါတယ်။ မေမြို့၊  ကလော၊ အောင်ပန်းတို့မှာ ရှုတင်တည်ဖြစ်နေတယ်လို့လည်း သိရပါတယ်။ စားကျက်ရုပ်ရှင်ဇာတ်ကားကြီးကို  R Square ရုပ်ရှင် ထုတ်လုပ် ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာဘုဏ်းသိုက်က ရိုက်ကူးနေတာ ဖြစ်ပါတယ်။

အဲ့ဒီဇာတ်ကားမှာ နိုင်းနိုင်း၊ မင်းဦး၊ဘုဏ်းသိုက်၊ သက်မွန်မြင့်၊ ချောကလျာတို့က အဓိကပါဝင်သရုပ်ဆောင် ထားကြတာ လည်း ဖြစ်ပါတယ်။ 

play

 

သက်မွန်မြင့်ဟာ လက်ရှိမှာ မိသားစုကို အချိန်ပေးရင်း သူမချစ်တဲ့အ နုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိပါတယ်။ သက်မွန်မြင့်ဟာ ၂၀၁၄ခုနှစ် ဖေဖော်ဝါရီ(၁၄) ရက်နေ့က ကိုစစ်နိုင်နဲ့ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။

အခုဆိုရင် သက်မွန်မြင့်မှာ သားလေးအားချစ်နဲ့ သမီးလေး လဝန်းမေတို့နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။

play

 

သက်မွန်မြင့်ကတော့ သရုပ်ဆောင်လောကမှာ ပရိသတ်အားပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး ၂၀၁၂ခုနှစ်မှာ ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ " အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်" ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ဆုကို ရရှိထားသူ တစ်ဦး ဖြစ်သလို ၂၀၁၆ခုနှစ်က ကျင်းပခဲ့တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန် ဆုပေးပွဲမှာ "ချစ်လှစွာသောအမုန်း" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။

Photo : သက်မွန်မြင့် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD