AD
AD
AD
play

 

ဒီနေ့(ဧပြီ၎ရက်)မှာ စိုးပြည့်က သူမရဲ့ ပရိသတ်တွေအတွက် သီချင်းသစ်လေးတစ်ပုဒ် နားဆင်ဖို့ ပြင်ဆင်ပေးထားပါတယ်။ "အပြစ်မြင်မလား" ဆိုတဲ့ သီချင်းလေးကို ဒီနေ့ည(၈)နာရီမှာ ပရိသတ် တွေနဲ့ Live ပြောရင်း သီချင်းလေး နားဆင်ကြမယ်နော်ဆိုပြိး စိုးပြည့်က သတင်းကောင်းပါးထားပါတယ်။

Postby

 

စိုးပြည့်ရဲ့ သီချင်းသစ်လေးကို တေးရေးညီမင်းခိုင်ရေးထားပေးတာလည်း ဖြစ်ပါတယ်။ သီချင်းအေးအေးလေး တစ်ပုဒ်ဖြစ်ပြီး အသည်းကွဲဖူးတဲ့ ပရိသတ်တွေအတွက် လုံးဝကို ဟတ်ထိစေမှာပါ။

သူမရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာလည်း အဲ့ဒီသီချင်းနမူနာလေးကို တင်ပေးထားပါသေးတယ်။ သူမရဲ့ ပရိသတ်တွေက သီချင်းနမူနာလေး နားထောင်ကတည်းက အဲ့ဒီသီချင်းလေးကို အကြိုက်တွေ့ခဲ့ကြတာပါ။

play

ဒီနေ့မှာတော့ သူမရဲ့ သီချင်းသစ်လေးကို Live လွှင့်ရင်းနဲ့ နားဆင်ရတော့မှာ ဖြစ်ပါတယ်။ ပရိသတ်တွေ စောင့်မျှော်အားပေးကြဖို့ မမေ့နဲ့ဦးနော်။

စိုးပြည့်သဇင်ကတော့ လက်ရှိမှာ ပရိသတ်တော့ အားပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။၁၉၉၂ခုနှစ် စက်တင်ဘာ (၂၂)ရက်နေ့မှာ မွေးဖွားခဲ့တဲ့ သူမဟာ အခုဆိုရင် အသက်(၂၅)နှစ်ပြည့်ပြီ ဖြစ်ပါတယ်။

play

 

သူမဟာ အသက်(၁၈)နှစ်နဲ့ အကယ်ဒမီဆုကို ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။သူအကယ်ဒမီ ရရှိခဲ့တဲ့ ဇာတ်ကားကတော့ "မိုးညအိမ်မက်မြူ" ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။

စိုးပြည့်သဇင်ကတော့ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။ သီချင်းပိုင်းနဲ့ ပတ်သက်ပြီး ချစ်သူရွေးမယ် တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးများကို ထွက်ရှိထားသူ တစ်ဦး ဖြစ်ပါတယ်။

Photo : စိုးပြည့်သဇင် ဖေ့စ်ဘွတ်ပေ့ခ်ျ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD