AD
AD
AD
play

 

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကနေ  အစည်းအရုံးဝင် နွမ်းပါးတဲ့ ရုပ်ရှင်ဗီဒီယိုလောကသားများအတွက် သင်္ကြန်ကာလ အတွင်း စားသုံးနိုင်ဖို့အတွက် လိုအပ်တာတွေကို လှူဒါန်းခဲ့ပါတယ်။ အဲ့ဒီလှူဒါန်းမှုကို ဒီနေ့(ဧပြီ၎ရက်)မနက်(၁၀)နာရီက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ရုပ်ရှင်နဲ့ ဗီဒိယိုလောကသာများအတွက် တစ်ဦးကို ဆန်ငါးပြည်၊ ဆီတစ်လီတာတစ်ပုလင်း၊ ခေါက်ဆွဲခြောက် ၊ငါးသေတ္တာ၊ တို့ကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ယခုအလှူသည် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဝင်တွေထဲက တက်နိုင်သူများက မတက်နိုင်သူများကို ကူညီခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။

play

 

"သင်္ကြန်အတွင်းမှာက အခြားထုတ်လုပ်ရေးတွေ ရိုက်ကူးရေးတွေ နားတာတွေ ရှိတယ်။ အဲ့ဒီအချိန်မှာ နေ့စားတွေအတွက် အခက်အခဲရှိတယ်။ အဲ့ဒီအခက်အခဲတွေကို အဆင်ပြေအောင်ဆိုပြိးတော့ ဒီအစီအစဉ်လေးက လုပ်ပေးတာပါ"လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဒုဥက္ကဌ ဦးအေးကြူလေးက ဆိုပါတယ်။

play

 

ဒီနေ့လှူဒါန်းမှုမှာ ရုပ်ရှင်နဲ့ဗီဒီယိုလောကသားတွေထဲက လူ(၈၀၀)ကျော်ကို  ဆန်အိတ် ၈၀၀၊ ဆီပုလင်း၈၀၀နဲ့ အခြားလိုအပ်သည်များကို ပေးအပ်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ သင်္ကြန်ကာလအတွင်း စားသုံးနိုင်ဖို့အတွက် အလှူငွေ ကောက်ခံခဲ့ရမှာ သိန်း(၆၀)လောက်ရရှိခဲ့တယ်လို့လည်း သိရပါတယ်။

ယခုလိုလှူဒါန်းမှုဟာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ နှစ်တိုင်းဆိုသလို ပြုလုပ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

Photo : ဝင်းနီအောင်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD