AD
AD
AD
play

 

သရုပ်ဆောင် လူရွှင်တော် အဆိုတော် ကြာစိတို့ဇနီးမောင်နှံက တောင်ကြီးမြို့ အေးသာယာရပ်ကွက်မှာ ရှင်ပြုအလှူတော် မင်္ဂလာကို ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဧပြီလ(၄ရက်)က အေးသာယာရပ်ကွက်မှာ ရှင်လောင်းလှည့်ခဲ့ပြီး ဒီနေ့မှာ ရေစက်ချအလှူတော်ကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့မှာလည်း ကြာစိရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ပုံအသစ်လေးတွေတင်ရင်းနဲ့ ဒီအလှူဟာပရိသတ်များရဲ့ အလှူဖြစ်ကြောင်းကိုလည်း ပြောပြခဲ့ပါသေးတယ်။

play

 

ကြာစိတို့အလှူဟာလည်း လူစည်းကားလှပါတယ်။ မာဃလုလင် တတိယအကြိမ် စုပေါင်းရဟန်းခံရှင်ပြု အလှူတော် မင်္ဂလာပွဲမှာ ကြာစိတို့ ဇနီးမောင်နှံက ရှင်(၉)ပါး ရှင်ပြုအလှူပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ကြာစိတို့ ဇနီးမောင်နှံဟာ ချစ်သူသက်တမ်း(၂)နှစ်ကျော်မှာ အိမ်ထောင်ပြုခဲ့တာ ဖြစ်ပါတယ်။

play

 

လွန်ခဲ့တဲ့ သုံးနှစ်ခန့်က တောင်ကြီးမြို့ရဲ့ အလှူတစ်ခုမှာ သွားရောက်ဖျော်ဖြေရာက သူမနဲ့ ကြာစိတို့ တွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။အခုဆိုရင် ကြာစိနဲ့ ဆုဟန်နီဖြိုးတို့မှာ ရင်သွေးရတနာလေးလွယ်ထားနေရပြီလို့ သိရပါတယ်။ အဲ့ဒီရင် သွေး လေးကတော့ သားလေး ဖြစ်ပါတယ်တဲ့။

5 Star အဖွဲ့ဝင် ကြာစိကတော့ ပရိသတ်အားပေးမှု ရရှိထားတဲ့ လူရွှင်တော် သရုပ်ဆောင် တစ်ယောက်ဖြစ်ပြီး ဒီနှစ်ထဲမှာပဲ သူ့ရဲ့ ဘဝမှန်အကြောင်းကို ရေးစပ်ထားတဲ့ သီချင်းဟာလည်း ပရိသတ်တွေကြား တော်တော်ပေါက်သွားခဲ့ပါတယ်။

Photo :ကြာစိ FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD