AD
AD
AD
play

 

လွန်ခဲ့တဲ့ (၁၅)နှစ်ကျော်က စိုင်းစိုင်းရဲ့ ပုံလေးတစ်ပုံဟာ အွန်လိုင်းစာမျက်နှာပေါ်မှာ ပြန့်လို့နေပါတယ်။ စိုင်းစိုင်းက အဲ့ဒီပုံလေးကို ပြန်ရှဲပြီး အရင်က ပုံတွေကို အခုပြန်ကြည့်ရတာ အချိုးမပြေဘူး အူယားစရာလို့ ပြောထားပါတယ်။သူ့ခေတ်နဲ့ သူ့အခါတော့ ကြည့်ရတာ အဆင်ပြေပေမယ့် အခုမှ ပြန်ကြည့်တော့ အူယားစရာဖြစ်နေတယ်တဲ့။

play

 

"လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်က စိုင်းစိုင်းခမ်းလိုင်ပုံ အခု online ပေါ်မှာ ပြန်တွေ့လို့ အဲလိုပုံတွေ သီချင်း Karaoke တွေမှာ အများကြီးပဲ အဲခေတ်တွေက သီချင်းခွေတိုင်းလိုလိုမှာ ကျွန်တော်ပါဝင်ခဲ့ဖူးတယ် သူ့ခေတ်နဲ့သူ့အခါတော့ အဆင်ပြေလို့ပဲ အခုပြန်ကြည့်ရင် အချိုးမပြေ အူယားစရာ ကျွန်တော်ဆို သူငယ်ချင်းတွေနဲ့ ဘယ်တော့မှ KTV မသွားဘူး ဘယ့်နှယ် ဘယ်သီချင်းဖွင့်လိုက် ဖွင့်လိုက် ဒါမျိုးတွေပဲပေါ်ပေါ်လာတာ တစ်ဖက်ကပြန်ကြည့်တော့လည်း အဆိုတော်မဖြစ်ခင် စပ်ကြားမှာ VCD ရိုက်တဲ့ဝင်ငွေကလည်း Part Time Job တစ်ခုအနေနဲ့ တော်တော်အထောက်အကူဖြစ်ခဲ့ပါတယ်။ တစ်ပုဒ်ကိုငါးထောင် တစ်ရက်ကို နှစ်ပုဒ်ရိုက်ရင် တစ်သောင်းယူ ပြန် အံမယ်တခါတခါ စီစဉ်သူကရိတ်သေးတာ အဲ့ဒါဆို ၄၀၀၀ နောက်ပိုင်းတဖြည်းဖြည်းဈေးတက်လာတာ တစ်ပုဒ် တစ်သောင်း နှစ်သောင်း ပြန်စဉ်းစားရင်လွမ်းစရာလေးတွေ

ဟက်ကက်ရယ် ငဖြိုးရယ် ဆရာကျောင်း ဦးပီတာ အားလုံးပဲ မင်းသမီးတွေတော့ မေ့ပစ်လိုက်ပြီ ယောက်ျားရကုန်လို့ ဟားဟားဟားဟား #ကျနော်နဲ့တခါက" ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးထားတာ တွေ့ရပါတယ်။ 

play

 

အမှန်ဆိုရင် စိုင်းစိုင်းရဲ့ အရင်ကပုံလေးတွေကို ပြန်ပြန်တင်ပြီး Troll ထားကြတာ ဖြစ်ပါတယ်။ အဲ့လို Troll ထားတာတောင် စိတ်မဆိုးတဲ့ စိုင်းစိုင်းကို ပရိသတ်တွေက ချီးကျူးထားတာကိုလည်း သူရဲ့ ပို့စ်အောက်မှာ ရေးထားကြပါတယ်။ အဲ့လို ချီးကျူးထားတဲ့ ကောမန့်အောက်မှာ စိုင်းစိုင်းက အခုလိုပြန်ပြီး ဖြေထားတာ တွေ့ရပါတယ်။

"လူပဲဗျ စိတ်ဆိုးတဲ့အခါလည်းရှိတာပေါ့ တခါတလေလည်း ငယ်ကျိုးငယ်နာတွေပြန်တွေ့တော့ ကိုယ်ဖြတ်သန်းခဲ့တဲ့ဘဝကို ပြန်အမှတ်ရပြီး လွမ်းမောစရာပေါ့" ဆိုပြီး ပြန်ပြောပြခဲ့ပါတယ်။

play

စိုင်းစိုင်းဟာ ဆယ်စုနှစ်ကျော်ကြာ အောင်မြင်မှု တစ်ခုကို ထိန်းသိမ်းထားနိုင်တဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်(Sai Sai Kham Leng) ဟာ ၁၉၇၉ခုနှစ် ဧပရယ်မှာ မွေးဖွားခဲ့သူတစ်ဦး ဖြစ်ပြီး ယခုအချိန်မှာတော့ ပရိသတ်အခိုင်အမာရရှိထားတဲ့ အဆိုတော်နဲ့ သရုပ်ဆောင်တစ်ဦးဖြစ်လို့ နေပါပြီ ။ စိုင်းစိုင်းခမ်းလှိုင်ဟာ ၂၀၀၀ခုနှစ်မှာ ချောကလက်ရောင်ရေခဲအိမ်မက် တေးစီးရီးကို ထွက်ရှိခဲ့ကာ ၂၀၀၁ ခုနှစ်မှာ သူငယ်ချင်းများစွာအခွေ၊ ၂၀၀၃ ခုနှစ်မှာ ဖေဖော်ဝါရီ မှတ်တမ်း၊ ၂၀၀၄ ခုနှစ်မှာ Sai Sai Live Show နဲ့ ၂၀၀၅ခုနှစ်မှာ စိုင်းစိုင်းဟုခေါ်သည်၊ ၂၀၀၇ခုနှစ်မှာ Sai Sai Birthday ၊ 2009ခုနှစ်မှာ Ever ဂေါ်လီ၊ ၂၀၁၂ခုနှစ်မှာ ဒိတ်ဒိတ်ကျဲ စတဲ့ တေးစီးရီးများနဲ့ အတွဲခွေများစွာမှာလည်း ပါဝင်သီဆိုထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။

play

သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာ အာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။

Photo : စိုင်းစိုင်းခမ်းလှိုင်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD