AD
AD
AD
play

 

လူငယ်မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ အဆိုတော် G Fatt က ချစ်သူကောင်မလေး နန်းဆုကို စောစောစီးစီးပျော်ရွှင်အောင် လုပ်လိုက်နိုင်ပါတယ်။

မနက်အစောကြီးကတည်းက ချစ်သူဆီကို ပန်းတောက်ပန်းတွေ ပို့ပေးထားတာကြောင့် နန်းဆုတစ်ယောက် အတိုင်းမသိကို ပျော်နေပါတယ်တဲ့။

play

 

သူမရဲ့ ဖေ့စ်ဘွတ်မှာလည်း ချစ်သူလေးကို ကျေးဇူးတင်ကြောင်း ပြောထားတာတွေ့ရပါတယ်။

"မနက်စောစောကြီးက ပိတောက်ပန်းတွေ လာပို့ပေးသွားတာ။ အပင်ပေါ်တက်တက်ချိုးခဲ့တာတဲ့ အကိုင်းလိုက်တွေ ရွဲ့သလားအောက်မေ့ရတယ်။ယူရယ်​    By the way thank u so much   I love them a lot    ❤️ချစ်သောပိတောက်တွေကို မထင်မှတ်ဘဲနိုးနိးချင်းတွေ့ရလို့ အတိုင်းမသိပျော်  အစောကြီးထရလို့ မျက်နှာမသစ်ထားတဲ့အိပ်ရေးမဝတဲ့ရုပ်ကိုတော့ ခွင့်လွှတ်"ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။

play

 

တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ G Fatt နဲ့ နန်းဆုရတီစိုးတို့ရဲ့ အချစ်ရေးကတော့ အေးအေးဆေးဆေး သာသာယာယာပါပဲ။ပရိသတ်တွေကလည်း သူတို့နှစ်ယောက်ကို သဘောတူကြတာကို တွေ့ရပါတယ်။ နှစ်ယောက်စလုံးဟာ အနုပညာလောကမှာ အောင်မြင်မှုကိုယ်စီ ရရှိနေသူများလည်း ဖြစ်ပါတယ်။

play

 

ပရိသတ်တွေက နန်းဆုရတီစိုးရဲ့ အချစ်ရေးကို ၂၀၁၇ခုနှစ် စက်တင်ဘာ(၂၅) ရက်က ထွက်ရှိထားတဲ့ ရူးအောင်ချစ်ရသူ သီချင်းနဲ့ ဆက်စပ်ပြီး စိတ်ဝင်စားခဲ့တာဖြစ်ပါတယ်။ နန်းဆုရတီစိုးက လက်ရှိမှာ သီချင်းများ ဖန်တီးနေပြီး သီချင်းခွေအသစ်ထွက်ဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။G Fattဟာ ဂီတလောကထဲမှာ လူငယ်ကောင်မလေးတွေရဲ့ အားပေးမှု အခိုင်အမာရရှိထားသူ တစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာ ရှိုးပွဲတွေ ဆက်တိုက်ဆိုဖြစ်နေတဲ့ G Fatt က ဒုတိယစီးရိး "120B" ကိုလည်း ထွက်ရှိထားပါတယ်။

Photo : နန်းဆုရတီစိုး FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD