AD
AD
AD
play

 

အနုပညာရှင် စုံတွဲဖြစ်တဲ့ သရုပ်ဆောင် စိုးရန်အောင်နဲ့ သရုပ်ဆောင် သက်သခင်တို့ရဲက မင်္ဂလာဦးဆွမ်းကျွေးအလှူကို ဒီနေ့(ဧပြီ၆ရက်)မှာ ရန်ကုန်မြို့ ကိုးမိုင်မှာရှိတဲ့ ပရိယတ္တတိသဒ္ဓမ္မပါလ အောင်မြေဘုံသာ သျှာမ်းကျောင်းတိုက်မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့နံနက်(၁၀)နာရီကနေ နေ့လည်(၂)နာရီအထိ မင်္ဂလာဦးဆွမ်းကျွေးအလှူကို ကျင်းပပြုလုပ်ခဲ့တာပါ။

play

 

ချစ်စရာကောင်းတဲ့ သူတို့နှစ်ဦးရဲ့ မင်္ဂလာဦးဆွမ်းကျွေး အလှူကို သူတို့နှစ်ဦးရဲ့ မိတ်ဆွေအပေါင်းအသင်းတွေ အနုပညာမောင်မတွေက တက်ရောက်အားပေးခဲ့ကြပါတယ်။

အနုပညာလောကမှာ နေရာတစ်နေရာ ရရှိဖို့ ကြိုးစားနေဆဲ သူတို့နှစ်ဦးဟာ  ၂၀၁၇ခုနှစ် နိုဝင်ဘာ(၉)ရက်နေ့က အင်းလျားလိတ်ဟိုတယ်မှာ နှစ်ဖက်မိဘများရှေ့ စေ့စပ်ကြောင်းလမ်းပွဲကို ပြုလုပ်ခဲ့ပါတယ်။

play

 

သက်သခင်အနေနဲ့ အနုပညာအလုပ်လုပ်တာကို သိပ်မကြိုက်ဘူးဆိုတဲ့ ခင်ပွန်းလောင်းစိုးရန်အောင်ရဲ့ ဆန္ဒကြောင့် စီးပွားရေးဘက် ကိုပဲ ဦးတည်ပြီးဆက်လုပ်သွားမယ်လို့ စေ့စပ်ကြောင်းလမ်းပွဲနေ့က Duwun Media ကို ဖြေဆိုပေးခဲ့ပါသေးတယ်။

'သက်သခင်ကတော့ အဓိက ကပေါ့နော် သူကလည်း အနုပညာအလုပ်တွေလုပ်တာ သိပ်မကြိုက်ဘူး။ အဲ့ဒီတော့ သက်သခင်ဘက်က လည်း အနုပညာအလုပ်တွေကို အရင်တုန်းကလောက် အရမ်းမလုပ်ဖြစ်တော့ဘူး။ စီးပွားရေးဘက်ကိုပဲ ဦးတည်ပြီးလုပ်မှာပါ။ My's Pizza Group ကနေပြီးတော့လည်း နောက်ထပ်ခြေလှမ်းတွေ ထပ်လှမ်းဖို့ စီစဉ်ထားတာလေး တွေလည်းရှိပါတယ်'' လို့ ဆိုပါတယ်။

play

 

သရုပ်ဆောင်တွေဖြစ်ကြတဲ့ စိုးရန်အောင်ကိုတော့ နိုင်ငံတော် အကျိုးပြုဇာတ်လမ်းတွေ၊ ပညာပေးဇာတ်ကားတွေ၊ တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ စတင် အားပေးခဲ့ကြတာဖြစ်ပြီး သူပါဝင်သရုပ်ဆောင်ထားတဲ့ ကျွန်တော့်ရည်းစား ဘုရားမှာနေသည် ရုပ်ရှင်ဇာတ်ကားကြီး ကလည်း ပရိသတ်တွေအားပေးခဲ့ကြသလို ၂၀၁၆ ခုနှစ်အကယ်ဒမီစာရင်းဝင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးလည်းဖြစ်ပါတယ်။ သရုပ်ဆောင် သက်သခင်ကိုတော့ မော်ဒယ်လ် တစ်ယောက်အဖြစ် ပရိသတ်တွေစတင်အားပေးခဲ့ကြတာဖြစ်ပြီး တီဗီကြော်ငြာ၊ မဂ္ဂဇင်းကာဗာ၊ ဗီဒီယိုဇာတ်ကားတွေက နေတဆင့် ပရိသတ်တွေရဲ့ အားပေးခြင်းကို ရရှိခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

Photo : သက်သခင် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD