AD
AD
AD
play

 

ပရဟိတအလုပ်တွေကို အားတတ်သရော ဆောင်ရွက်နေတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေက သူမ ဆေးကုသပေးနေတဲ့ အရိုးကင်ဆာရောဂါသည် သမီးလေးအတွက် စိတ်မကောင်းဖြစ်လို့နေပါတယ်။ အရင်က အရိုးကင်ဆာကြောင့် ခြေထောက်တစ်ဖက်ဖြတ်လိုက်ရတဲ့ သမီးလေးဟာ အခုဆိုရင် နောက်ထပ်တစ်ဖက်ပါ ထပ်ပြီး ဖြတ်လိုက်တာကြောင့် ခိုင်နှင်းဝေခဗျာ စိတ်မကောင်းဖြစ်လို့နေပါတယ်။

play

 

သမီးလေးနဲ့ ပတ်သက်လို့လည်း သူမရဲ့ ခံစားချက်လေးကို သူမရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ယခုလို ပြောပြထားပါတယ်။

"ကျွန်မဆးကုသပေးနေတဲ့ အရိုးကင်ဆာဖြစ်နေတဲ့သမီးလေးဆီဒီနေ့အပြေးလေးသွားခဲ့ရတယ်။ မနေ့က သူခွဲခန်းထပ်ဝင်ရတယ်၊ မနေ့က ကျွန်မအလှူလုပ်နေတာနဲ့ မရောက်ဖြစ်လိုက်ဘူး။ သူလေးရဲ့ကျန်တဲ့ခြေထောက်တစ်ဖက် ပါထပ်ဖြတ်လိုက်ရတယ်။

အခုဆိုခြေထောက်နှစ်ဖက်လုံးဖြတ်လိုက်ရပြီ.ကျွန်မသွားတော့အားတင်းပြီးပြုံးပြရှာတယ်.ရင်ထဲတော်တော်မကောင်းဘူး.မနေ့ကမှခြေထောက်ထပ်ဖြတ်ထားတော့ တော်တော်လေးနာနေရှာတယ်.ကျွန်မ သူ့အတွက်အရုပ်ကြီးဝယ်သွားပေးပြီး ဆေးဖိုးနဲ့လိုရာသုံးရအောင် သွားပေးတော့ သူအစာမဝင်လို့အစာလေးဝင်အောင်စားဖို့ချော့ပြောခဲ့ပေမဲ့ သူကဘာမှ မစားချင်ဘူးတဲ့.

ကင်ဆာဆေးတွေသွင်းနေရတော့ ခံတွင်းပျက်နေရှာတယ်.ပိန်လဲပိန်သွားတယ်.ကျမအားတင်းထားပါတယ်.ဒါပေမဲ့ သမီးလေး အမြန်ဆုံးနေကောင်း ကျန်းမာပါစေတော့.ခြေထောက် နှစ်ဖက်ဆုံးရှုံးသွားပေမဲ့ ခြေထောက်အတုတပ်လို့ရပါသေးတယ်.ဘီးတပ်ကုလာထိုင်နဲ့သွားလို့ရပါသေးတယ်..ကင်ဆာဆဲလ်တွေ သာတခြားနေရာတွေထပ်မပြန့်ပါစေနဲ့လို့ ဆုတောင်းပေးကြပါနော်." ဆိုပြီး ရေးသားထားပါတယ်။

play

 

သမီးလေးအတွက် ခိုင်နှင်းဝေနဲ့ ထပ်တူသူမရဲ့ ပရိသတ်တွေလည်း စိတ်မကောင်းဖြစ်လို့နေပါတယ်။ ခိုင်နှင်းဝေဟာ ကလေးသူငယ် လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ အထူးသံတမန် ခန့်အပ်ခြင်း ခံရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး သံတမန်အဖြစ် ခန့်အပ်ခြင်း ခံရပြီး နောက်ပိုင်းမှာလည်း အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် သူမတတ်စွမ်းသလောက် အားတက်သရောက် ပါဝင်ကူညီဆောင်ရွက်ပေးသူ တစ်ဦးလည်းဖြစ်ပါတယ်။

play

 

ပရဟိတအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်နေတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေက သက်ငယ်မုဒိမ်းမှုတွေ ပပျောက်ဖို့ အစွမ်းကုန် ဆောင်ရွက်သွားမယ်လို့ သံန္တွိဋ္ဌာန်ချထားသူတစ်ဦးလည်း ဖြစ်ပါတယ်။

Photos : ခိုင်နှင်းဝေ FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD