AD
AD
AD
play

 

သိပ်ချစ်ရတဲ့ ချစ်သူကောင်မလေးဘက်က လိုချင်နေတဲ့ ကွာရှင်းစာချုပ်ကို စည်သူမောင်ဘက်က ပေးလိုက်ပါပြီ။ ချစ်သူသက်တမ်း(၁၁)နှစ်ပြည့်အတွက် သူမသိပ်လိုချင်တဲ့အမှတ်တရ ချစ်သက်လက်ဆောင်ပါတဲ့။

စည်သူမောင်ဟာ ချစ်သူကောင်မလေးနဲ့ (၇)နှစ်ကျော်မှာ လက်ထပ်ဖြစ်ခဲ့ကြပေမယ့် ယခုလက်ရှိမှာတော့ ကောင်မလေးနဲ့ ကွဲနေတာ ဖြစ်ပါတယ်။ ပရိသတ်တွေအားလုံးက ပြန်အဆင်ပြေလိမ့်မယ်လို့ ထင်ထားပေမယ့် သူတို့ရဲ့ အဆုံးသတ်ကတော့ ပရိသတ်တွေ မျှော်လင့်သလို ဖြစ်မလာခဲ့ပါဘူး။

play

စည်သူမောင်ရဲ့ ဖေ့စ်ဘွတ်မှာ လွန်ခဲ့တဲ့ မိနစ်ပိုင်းက ကွာရှင်းစာချုပ်လေးကို ဓာတ်ပုံရိုက်ပြီး တင်ထားရင်း ယခုလို စာသားလေးကို ပါရေးသားခဲ့ပါသေးတယ်။

"8-4-2007 မှာ ချစ်သူဖြစ်ခဲ့တဲ့ ကျွန်တော်နဲ့သူမအတွက်  8-4-2018 မှာ ချစ်သူသက်တမ်း ၁၁ နှစ်ပြည့်အတွက် ...

သူမ သိပ်လိုချင်တဲ့ အမှတ်တရ ချစ်သက်လက်ဆောင် ပျော်ရွှင်ပါစေ " သဲလေး " ရယ်.." ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဧပြီ(၈)ရက်နေ့ ၂၀၀၇မှာ ချစ်သူတွေ ဖြစ်ခဲ့ကြတဲ့ သူတို့နှစ်ဦးဟာ ဒီနေ့(ဧပြီ၈ရက်)မှာ ချစ်သူသက်တမ်း(၁၁)နှစ်ပြည့်ခဲ့တာပါ။ ချစ်သူသက်တမ်း(၁၁)နှစ်ပြည့်မှာတော့စည်သူမောင်က ချစ်သူကောင်မလေးကို လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။ 

play

 

နှစ်ဦးသဘောတူ လက်ထပ်ခဲ့ကြပေမယ့်လည်း ကောင်မလေးဘက်က အချက်အလက်အမှားတွေနဲ့ ကွာရှင်းခွင့် တောင်းပြီး တရားစွဲဆိုထားတာကြောင့် ယခုလက်ရှိအချိန်ထိ တရားရင်ဆိုင်နေရတယ်လို့ Myanmar Celebrity မှာ ဖြေဆိုဖူးပါတယ်။

Photo : စည်သူမောင် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD