AD
AD
AD
play

 

အိုက်တင်ပီပြင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် အိချောပိုက မဟုတ်မမှန်သတင်း တွေကြောင့် စိတ်ညစ်နေရပါတယ်။  သူများတွေကုသိုလ်ယူနေချိန်မှာ အကုသိုလ်တွေ မပေးကြပါနဲ့ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ် ရေးသား ထားတာတွေ့ရပါတယ်။ အိချောပိုက သတင်းပေ့ခ်ျတစ်ခုကို ရှဲပြီးတော့ ယခုလို ရေးသားထားတာ ဖြစ်ပါတယ်။

play

 

"သတင်းခေါင်းစဉ်တပ်ပြီး အတင်းမဖြစ်ပါစေနဲ့. သူများတွေကုသိုလ်ယူနေချိန် အကုသိုလ်တွေမပေးကြပါနဲ့.

အလှူတွေတောင် မသွားရဲလောက်အောင်ပဲလား Admin တို့ရယ်. "မြန်မာပြည်သတင်းအကုန်သိရန်" လို့နာမည်မပေးပဲ "မြန်မာပြည်အတင်းအကုန်သိရန်" လို့ပေးလိုက်ပါတော့လားကွယ်" ဆိုပြီး ပြောထားတာ ဖြစ်ပါတယ်။

အမှန်တော့ အိချောပိုက ဧပြီ(၇)ရက်နေ့က ကျင်းပပြုလုပ်တဲ့ ခန့်စည်သူရဲ့ အလှူကို ရောက်ရှိနေတာ  ဖြစ်ပါတယ်။ မဟုတ်မမှန်ရေးသားတဲ့ သတင်းတွေကြောင့် အိချောပိုတင်မဟုတ်ပါဘူး သူမရဲ့ ပရိသတ်တွေကပါ စိတ်တိုနေကြတာကိုလည်း ကောမန့်တွေမှာ တွေ့မြင်ရပါတယ်။

play

 

အိချောပိုဟာ ခန့်စည်သူပြုလုပ်တဲ့ နှစ်သစ်အကြို အလှူမင်္ဂလာဖြစ်တဲ့ ပဋိကဂုဏ်ရည်(၃)ထပ်ကျောင်းဆောင်ကြီးရဲ့ ပဋိကတိုက် တော် ရတနာအုတ်မြစ်တော်စီမင်္ဂလာပွဲမှာ ပါဝင်ခဲ့ရင်းနဲ့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို စာသားလည်း ရေးသားခဲ့ပါသေးတယ်။

မိဘနှစ်ပါးဦးထိပ်ထား၍(၇)ရက်သားသမီးများကိုယ်စား အလှူဒါယကာ အကယ်ဒမီခန့်စည်သူ၏နှစ်သစ်အကြို (၃)ထပ် ကျောင်းဆောင် အုတ်မြစ်စီမင်္ဂလာနှင့်ရဟန်း(၁၀)ပါး ,ရှင်သာမဏေ(၁၀၈)ပါးတို့အားဗုဒ္ဓသားတော် အဖြစ်သာသနာ့ဘောင် သို့ ပို့ဆောင်သာသနာ့အမွေခံယူ အလှူတော်မင်္ဂလာပွဲမှာ'' ဆိုပြီးတော့ အမှတ်တရ ဓာတ်ပပုံလေးတွေ တင်ခဲ့ပါတယ်။

play

 

ကျရာ ဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်သူ အိချောပို တစ်ယောက်ကတော့ ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားသူ တစ်ဦးဖြစ်ပါတယ်။သရုပ်ဆောင် အိချောပိုကတော့ မြန်မာပြည်ရဲ့အောင်မြင်တဲ့မင်းသမီးစာရင်းဝင်တစ်ယောက်လည်းဖြစ်ပါတယ်။

Photo : အိချောပို FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD