AD
AD
AD
play

 

ပွင့်လင်းရိုးသားမှုနဲ့အတူ အိုက်တင်ပီပြင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ သရုပ်ဆောင် ခိုင်သင်းကြည်က ဒီနေ့မနက်(ဧပြီ၉ရက်)မှာ မိသားစုနဲ့အတူခရီးထွက်ဖြစ်တယ်လို့ သိရပါတယ်။

အနုပညာအလုပ်တွေ အားပြီဆိုတာနဲ့ မိသားစုကို အချိန်ပေးတတ်တဲ့သူမဟာ ယခုလက်ရှိ ဘာလီကျွန်းသို့ မိသားစု အပန်းဖြေခရီးထွက်နေတာ ဖြစ်ပါတယ်။

play

 

ခိုင်သင်းကြည်ရဲ့ဖေ့စ်ဘွတ်မှာ မိသားစုပုံလေးတွေ တင်ပြီးတော့ "Happy Trip" ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါတယ်။ ပျော်စရာကောင်းလှတဲ့ သူတို့ရဲ့ မိသားစု ပုံလေးကိုလည်း ပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးလိုက်တယ်နော်။

ခိုင်သင်းကြည်နဲ့ ကိုခန့်နိုင်တို့ဟာ ၂၀၀၂မှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး ယခုဆိုရင် စံထိပ်ထားဦးဆိုတဲ့ သမီးလေးတစ် ယောက် ကိုလည်း ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

play

အခုဆိုရင် သမီးလေးက ပညာသင်ယူနေရင်းနဲ့ အနုပညာအလုပ်တွေကို လက်လှမ်းမီသလောက် လုပ်ကိုင်လျက်ရှိပါတယ်။ ခိုင်သင်းကြည်ဟာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ တစ်ဦးဖြစ်ပြီ့း ပရိသတ်များရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။

၂၀၁၃ခုနှစ်က စုန်းပြူး ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိထားသူ တစ်ဦးဖြစ်ပြီး ၂၀၁၄ခုနှစ်မှာ ကောင်းကျိုးကိုယ်၌တည်စေမင်း ရုပ်ရှင်ဇာတ်ကား နဲ့ ကောင်းဆုံးအမျိုး သမီးဇာတ်ဆောင် ဆုကို  ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

Photo : ခိုင်သင်းကြည် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD