AD
AD
AD
play

 

ဧပြီ(၈) ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ဥပါယ်တံမျဉ်အဖွဲ့သားများရဲ့ ဂုဏ်ပြုညစာစားပွဲမှာ ဇဏ်ခီတို့ ဇနီးမောင်နှံက အဖွဲ့သားတွေကို အံ့သြအောင် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အောင်မြင်မှု ရရှိနေတဲ့ ဥပါယ်တံမျဉ်ဇာတ်ကားအတွက် အကျိုးအမြတ်တွေကို အဖွဲ့သားတွေကိုပါ ခံစားစေခဲ့တာပါ။

ဂုဏ်ပြုညစာစားပွဲလေးမှာ အဖွဲ့သားတွေ ရသင့်တဲ့ အနုပညာအပြင် အပိုဆုငွေတေကို ထပ်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး ဆုကြေးရရှိသူတွေထဲက ကိုဥာဏ်ဝင်းဆိုသူက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားထားပါတယ်။

play

 

"ကျွန်တော့် အယ်ဒီတာ သက်တမ်း နှစ် ၂၀ ခန့်မှာ ခုချိန်ထိ နားမဆန့်အောင် နားထောင်ခဲ့ နားထောင်ပေးနေရတဲ့ စကားတွေက "ပိုပေးချင်တာပေါ့ ဈေးကွက်က ကျဉ်းတယ်လေ ရုပ်ရှင်ရုံ အလုံအလောက် မရှိဘူးလေ... အလုပ်အရင်လုပ်ပြပါ ပိုက်ဆံဆိုတာ နောက်ကလိုက်လာမှာပေါ. ... ဒီကားအောင်မြင်ရင် အပိုဆုငွေ ထပ်ပေးမှာပေါ့" ဆိုတာတွေပါပဲ နည်းတယ်ပဲဖြစ်ဖြစ် များတယ်ပဲဖြစ်ဖြစ် အပေါ်ကလို အပိုတွေလဲမပြောဘူး တကယ် အောင်မြင်တော့လဲ ပေးမယ်လို့ ထ ကြေငြာပြီး ဂုဏ်ပြုညစာနဲ့ ပေးစရာရှိ ပေးလိုက်တဲ့ "ဥပါယ်တံမျဉ်" ထုတ်လုပ်သူအဖွဲ့ကတော့ တစ်ကယ် ထူးခြားတာ အမှန်ပဲ... တစ်ခြားဟာတွေပေးတာထက် ပိုက်ဆံပေးလိုက်တာကတော့ ကိုယ် တစ်ကယ်လိုနေတဲ့အရာတွေ ဖြည့်တင်းဖို့အတွက် ပိုအဆင်ပြေတာပေါ့."ဆိုပြီး ရေးသားထားတာပါ။

play

 

ထို့အတူ Movie 'ဒီဇိုင်နာတစ်ဦးဖြစ်သူ ကိုရဲထွဋ်ဆိုသူကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားထားပါသေးတယ်။

"Movie Designer သက်တမ်း ၁၅ နှစ်ကျော်မှာ ရုပ်ရှင်ကား အောင်မြင်လို့ ဒီဇိုင်းခအပြင် သတ်သတ်ထပ်ရတဲ့ ပိုက်ဆံ ....ပိုက်ဆံကြောင့်မဟုတ်ဘဲ တလေးတစားနဲ့ ပြန်ကြည့်တဲ့စိတ်ကို လေးစားမိပါတယ်" ဆိုပြီး ပြောထားပါတယ်။

ယခုလို အဖွဲ့သားတွေအပေါ် သိတတ်မှုကြောင့် ခီတို့ဇနီးမောင်နှံဟာ ပရိသတ်အားပေးမှု လေးစားမှု ပိုမိုရရှိခဲ့ပြန်ပါတယ်။

play

 

ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားကြီးဟာ မြန်မာနိုင်ငံမှာ (၉)ပတ်အထိ ရုံတင်ပြသခွင့်ရခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး သင်္ကြန်ကာလပြီးခဲ့ရင်လည်း ပရိသတ်တွေရဲ့ တောင်းဆိုမှုကြောင့် ထပ်မံရုံတင်ပြသသွားဖို့ ရှိတယ်လို့ သိရပါတယ်။

ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ ရိုက်ကူးမှု ခင်ပွန်းဖြစ်သူ ဇဏ်ခီရဲ့ အိုက်တင်တော်မှု ကျန်သရုပ်ဆောင်များရဲ့ အပိုအလိုမရှိ သရုပ်ဆောင်နိုင်မှုတွေကြောင့် ဥပါယ်တံမျဉ် ဇာတ်ကားသာမက မုဒြာခေါ်သံဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးလည်း အောင်မြင်မှု ရရှိနေတာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD