AD
AD
AD
play

 

အဆိုတော် Rဇာနည်တို့မိသားစုက အလှူတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီအလှူက နာရေးကူညီမှုအသင်း(ရန်ကုန်)ကို နိဗ္ဗာန်ယာဉ်(၂)စီး လှူဒါန်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ယာဉ်ပေးအပ်လှူဒါန်းခြင်းကို ဒီနေ့(ဧပြီ၁၀)ရက်နေ့ မနက်ကပြည်သူ့ရင်ပြင်မှာ ကျင်းပပြုလုပ်ခဲ့တာပါ။

play

 

Rဇာနည်တို့မိသားစုဟာ အခုနောက်ပိုင်း အလှူအတန်းတွေ ဆက်တိုက်ဆိုသလို လုပ်ဖြစ်တာတွေ့ရပါတယ်။ Rဇာနည်ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲက ရရှိခဲ့တဲ့ ငွေကြေးတွေကို အသည်းဖောင်ဒေးရှင်းသို့ လှူဒါန်းခဲ့သလို ကမ္ဘာသားအခွေရောင်းလို့ရတဲ့ အမြတ်ငွေကိုလည်း အလှူအတန်းတွေ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ ယခုလည်း နာရေးကူညီမှုအသင်းသို့ ယာဉ်နှစ်စီး လှူဒါန်းခဲ့ပါသေးတယ်။

play

 

ပရိသတ်တွေကလည်း သူတို့မိသားစုအလှူလေးအတွက် ဝမ်းသာကြည်နူးနေကြပါတယ်။ Rဇာနည်ဟာ သူဝါသနာပါရာ အနုပညာအလုပ်တွေသာမက သူ့ရဲ့ ဘေးနားမှာ ပါရမီဖြည့်ပေးတတ်တဲ့ ဇနီးချောလေးကိုပိုင်ဆိုင်ထားသလို သားလေး နှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားတဲ့ ဖခင်တစ်ယောက်လည်း ဖြစ်ပါတယ်။

Rဇာနည်နဲ့ ဝမ်းတို့ရဲ့ သားကြီး ဖစ်ဖစ်တုန်(ခ)ဥာဏ်ဘုန်းဇာနည် ဖြစ်သူကတော့ အသက်(၈)နှစ်အရွယ်ရှိနေပြီး ဒုတိယတန်း တက်ရောက်နေတယ်လို့ သိရပါတယ်။ Rဇာနည်နဲ့ ဝမ်းတို့ရဲ့ အိမ်ထောင်သက်ကတော့ (၁၃)နှစ်ရှိပြီလို့ သိရပါတယ်။

Photo : အေးဇော်မိုး FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD