AD
AD
AD
play

 

သရုပ်ဆောင်သစ်တွေနဲ့ ပုံဖော်ရိုက်ကူးထားပြီး ပရိသတ်အားပေးမှု အခိုင်အမာရရှိခဲ့တဲ့ "ည" ရုပ်ရှင်ဇာတ်ကားကြီးကို မကြာမီ ရက်ပိုင်းအတွင်း ပြန်လည်ပြသတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

ပရိသတ်တွေရဲ့ တောင်းဆိုမှုကြောင့် ည ရုပ်ရှင်ဇာတ်ကားကြီးကို ဧပြီ(၁၈) ရက်နေ့ နှစ်ဆန်း(၂) ရက်နေ့ကစပြီး JCGV  ရုပ်ရှင်ရုံတို့မှာ ပြန်လည်ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။

play

လူငယ်ဒါရိုက်တာ ထူးပိုင်ဇော်ဦး ဖန်တီးရိုက်ကူးထားပြီးတော့ လူငယ်သရုပ်ဆောင် တွေ ပါဝင်ထားတဲ့ ယင်းရုပ်ရှင်ဇာတ်ကားကြီး ဟာဆိုရင် ပရိသတ်တွေကြား ရေပန်းစားအောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

မတူထူးခြားတဲ့ ရသတွေနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တဲ့ ယင်းရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်သစ်တွေဖြစ်ကြတဲ့ နက်ရှိုင်းကို၊ Russell ၊ မိုးယသော်၊ အောင်ရဲထိုက်၊ နန်းခေးမိုး၊ မြတ်နိုးအေး၊ ငြိမ်းသော်၊ နန်းထရေစီ၊ချမ်းမင်းရဲထွဋ်၊ မေဆူးမောင်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။

play

 

ယင်းရုပ်ရှင်ဇာတ်ကားမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေအကုန်လုံးဟာ ထိုဇာတ်ကားရုံတင်ပြီးနောက် ပရိသတ်အားပေးမှု ရရှိခဲ့ကြတဲ့ အနုပညာရှင်တွေ ဖြစ်လာခဲ့ပါပြီ။

ညရုပ်ရှင်ဇာတ်ကားကြီး ပြန်လည်ပြသတာ နဲ့ ပတ်သက်လို့ သရုပ်ဆောင် အောင်ရဲထိုက်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားခဲ့ပါသေးတယ်။

"ဝမ်းသာလိုက်တာဗျို့ .အားလုံးနဲ့ပြန်တွေ့ရတော့မယ် ❤️❤️ နှစ်ဆန်း ၂ ရက်နေ့ ကျရင် JCGV ရုံတွေမှာ ပြန်လည်ပြသတော့မှာပါ "ဆိုပြီး ပြောထားပါတယ်။

play

 

ညရုပ်ရှင်ဇာတ်ကားဟာ ဒါရိုက်တာရဲ့ စန်းသစ်မှုတွေနဲ့အတူ ပါဝင်ကြသူတွေအားလုံး ကြိုးစားထားကြတဲ့ ဇာတ်ကားဖြစ်တာကြောင့် ပရိသတ်တွေအနေနဲ့ အကယ်ဒမီ စာရင်းဝင်စေချင်ခဲ့သလို အကယ်ဒမီဆုကိုလည်း ရစေချင်ကြတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။

Photo : ည FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD